Politics
ကော့ကရိတ်တောင်ပိုင်း မြို့ဟောင်းရွာ လေယာဉ်ဗုံးကြဲလို့ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
လွန်ခဲ့သော ၁၀ လ က
ဧပြီ ၁၈။
ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာကို စစ်ကောင်စီက ဒီနေ့ ဧပြီ ၁၈ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်က Y-12 လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၁၁ နာရီဝန်းကျင် ဘုန်းကြီးဆွမ်းဘုန်းချိန်လောက် လေယာဉ်ဗုံးကြဲခံရတဲ့အတွက် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ရွာသား လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရွာသစ်ကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
“Y-12 ရော၊ ကင်းထောက်ရော ၁၂ ရက်နေ့ထဲက ဒီနေ့အထိ ကော့ကရိတ်နဲ့ မြဝတီတဝိုက်ကို တနေကုန် ပျံနေတယ်” ဆိုပြီး ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်က ကျေးရွာတွေကို ရမ်းကားပစ်ခတ်တာတွေလည်း ရှိနေပြီး လက်တလောမှာ အဲဒီစစ်ကြောင်းဟာ တတန်ကူးရွာ နားမှာ ရှိနေတယ်လို့ သိရ ပါတယ်။
အဲဒီစစ်ကြောင်းဟာ တတန်ကူးရွာကနေ ဒေါန တောင်ပေါ်တက်ပြီး သင်္ကန်းညီနောင်နဲ့ မြဝတီ တက်ဖို့လုပ်နေလို့လည်း မြေပြင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုံစာ - ၂၀၂၂ ခုနှစ်ကလည်း လက်နက်ကြီး ထိမှန်ဖူးတဲ့ ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာဘုန်းကြီးကျောင်း
Related Articles
- မြန်မာနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်ရန် တရုတ်စစ်တပ် စီစဉ်
- ပူတာအိုမှာ ဓာတ်ဆီ တစ်ပုလင်းကို တစ်သောင်းကျပ် ဖြစ်နေ
- ဆီဆိုင်နဲ့ ဆိုက်ခေါင်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေက ခိုးရာပါ ပစ္စည်းတွေကို ပေါ်တင် ပြန်ရောင်းချနေ
- သင်္ကြန်အကြိုနေ့မှာ အတွဲလိုက်ဒုံးတွေနဲ့ပစ်လို့ ကော့ကရိတ်တောင်ပိုင်းကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီး
Top News
လွန်ခဲ့သော ၁၀ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၆ ရက် က