Politics
အချိန်မီဆေးကုသမှု မရခဲ့လို့ သရက်ထောင်က နိုင်ကျဉ်းတစ်ဦး ကျဆုံး
လွန်ခဲ့သော ၆ လ က
ဇူလိုင် ၂၈။
ဆေးဝါးကုသမှု အချိန်မီမရရှိခဲ့လို့ သရက်ထောင်တွင်း အကျဥ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဇူလိုင် ၂၇ ရက် မနက်ခင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အကြမ်းဖက်ပုဒ်မ ၅၂(က)/၅၁(ဂ) တို့နဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အသက်(၃၉)နှစ်အရွယ် ကိုညီညီဖြစ်တယ်လို့ သိရပါတယ်။
၎င်းဟာ သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျဆုံးသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ အသိပေးထားပါတယ်။
ကိုညီညီ မသေဆုံးမီ ဇူလိုင် ၂၆ ရက် ညခင်းအချိန်က သွေးတိုးရောဂါခံစားရတာကြောင့် အရေးပေါ်ဆေးဝါးကုသပေးဖို့ ထောင်တာဝန်ခံတွေထံ နိုင်ငံရေးအကျဉ်းသားတွေက အကူအညီ တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။
အကူအညီတောင်းခံပြီး တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းတွေက အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ကြည့်ရှုစစ်ဆေးခိုင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ ကိုညီညီရဲ့သွေးပေါင်ချိန်က အပေါ်သွေး ၂၄၀၊ အောက်သွေး ၁၄၀ အထိ ရှိခဲ့တယ်လို့ (PPNM)က အသိပေးထားပါတယ်။
သွေးပေါင်ချိန် တက်လာချိန်မှာ ၎င်းကို ပြင်ပဆေးရုံ အချိန်မီမပို့ဆောင်ခဲ့ဘူးလိုလည်း ဆိုပါတယ်။
ညအချိန် ဖြစ်တယ်ဆိုတဲ့ ထောင်အာဏာပိုင်တွေရဲ့ အကြောင်းပြမှုနဲ့ အဆင့်ဆင့် သတင်းပေးပို့နေတာကြောင့် အချိန် တစ်နာရီခွဲကျော် ကြာခဲ့ကာ ကိုညီညီ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။
Related Articles
- KNU တပ်မဟာ (၆) ခရိုင်ခေါင်းဆောင်များပြောင်း အလဲဖြစ်
- မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများ ဖြေရှင်းရန် လာအိုနိုင်ငံတွင် အာဆီယံဝန်ကြီးများ တွေ့ဆုံကြိုးပမ်း
- စားဝတ်နေရေးကြပ်နေချိန် သာကေတက ကျောင်းတွေက ဝါဆိုသင်္ကန်းအတွက် ငွေအတင်းအကြပ်တောင်းနေ
- စစ်ခေါင်းဆောင်မွေးနေ့ ကျွေးတဲ့ အစားအသောက်ကြောင့် အင်းစိန်ထောင်အတွင်းမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ
Top News
လွန်ခဲ့သော ၄ ရက် က