bap-logo
Politics

မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများ ဖြေရှင်းရန် လာအိုနိုင်ငံတွင် အာဆီယံဝန်ကြီးများ တွေ့ဆုံကြိုးပမ်း

gdm6HyVXznK2m0b1DDakD-image

လွန်ခဲ့သော ၃ လ က

 

ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ထိပ်တန်းသံတမန်များ တွေ့ဆုံမှုမတိုင်မီ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံသည် ဗုဒ္ဓဟူးနေ့တွင် လာအိုနိုင်ငံ၌ တွေ့ဆုံကာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် တိုးတက်မှုရရှိရန်နှင့် တောင်တရုတ်ပင်လယ်မှ တင်းမာမှုများ လျော့ချရန် ကြိုးပမ်းနေသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး စနေနေ့တွင် လာအိုနိုင်ငံ၌ ထိပ်သီးအစည်းအဝေးနှစ်ခု ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ၎င်းထိပ်သီးအစည်းအဝေးများတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ်၊ ရုရှားနှင့် အခြားနိုင်ငံများမှ အရာရှိများတက်ရောက်မည်ဖြစ်ပြီး အရေးပါသော ကမ္ဘာ့အရေးကိစ္စများ ဖော်ထုတ်ဖြေရှင်းသွားမည်ဖြစ်သည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယခုအချိန်အထိ မြန်မာ့ အကျပ်အတည်း အဆုံးသတ်ရန် အားထုတ်မှုများ အရာမရောက်မှုကို ဆွေးနွေးသွားမည်ဖြစ်သည်။ စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် လူပေါင်း . သန်း ရွှေ့ပြောင်းခံခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။

 

ပြီးခဲ့သည့် အာဆီယံ ဥက္ကဌ အင်ဒိုနီးရှား၏ မြန်မာဗိုလ်ချုပ်များနှင့် ထိတွေ့ဖြေရှင်းမှုများကို လာအိုနိုင်ငံက မည်မျှ တိုးတက်အောင် ဆက်လက်လုပ်ဆောင်ခဲ့သည်ကို ရှင်းလင်းစွာ မသိရပါ။

 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Sidharto Suryodipuro က ၎င်းအရေးသည် ရှုပ်ထွေးသည့်အတွက် ဖြေရှင်းရာတွင် အချိန်ယူရမည်ဖြစ်ကြောင်း ပြောသည်။

 

သံတမန်ရေးအားထုတ်မှုတွေက ညတွင်းချင်း ပြီးဆုံးနိုင်မှာတော့ မဟုတ်ဘူး။ဟု ပြီးခဲ့သည့်အပတ် ရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

 

အားထုတ်မှုတွေက သိုသိုသိပ်သိပ် လုပ်ရပါတယ်။ လာအို ဥက္ကဌတာဝန်ယူထားတဲ့အချိန်မှာ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအများအပြားကို ချဉ်းကပ်ခဲ့ပါတယ်

 

 

တိုးတက်မှုက နှေးကွေးပါတယ်။ အားထုတ်မှုတွေက သိုသိုသိပ်သိပ် လုပ်ရပါတယ်။ လာအို ဥက္ကဌတာဝန်ယူထားတဲ့အချိန်မှာ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအများအပြားကို ချဉ်းကပ်ခဲ့ပါတယ်။

 

ပင်လယ်တွင်း တင်းမာမှုများ

 

တောင်တရုတ်ပင်လယ်ဆိုင်ရာ ကာလရှည်ကြာနေပြီဖြစ်သည့် ကျင့်ဝတ်စည်းမျဉ်းကို တရုတ်အစိုးရနှင့် အပြီးသတ်ရေးဆွဲနိုင်ရေး အာဆီယံက မျှော်လင့်ထားသည်။ ၎င်းကျင့်ဝတ်စည်းမျဉ်းရေးဆွဲရေး အစီအစဉ်မှာ ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကပင် ပါဝင်သည့်အချက်အလက်များ ဆွေးနွေးညှိနှိုင်းရာတွင် သဘောတူညီမှုရရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ခြင်းဖြစ်သည်။

 

အဖွဲ့ဝင်နိုင်ငံများ ပြောဆိုဆွေးနွေးရန်နှင့် ဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံက အာဆီယံ ကမ်းခြေစောင့်ဖိုရမ်တစ်ခု လာအိုတွင် ကျင်းပရန် အဆိုပြုလိမ့်မည်ဟု ဖိလစ်ပိုင်အကြီးတန်း သံတမန် Theresa Lazaro က ပြောသည်။ ၎င်းအစီအစဉ်က တရုတ်နိုင်ငံကို အမျက်သင့်စေနိုင်သည်။

 

အင်ဒိုနီးရှားနိုင်ငံက ကျင့်ဝတ်စည်းမျဉ်းများ ၂၀၂၆ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားသည်။ အချို့သော လုံခြုံရေးအကဲဖြတ်ဆန်းစစ်သူများက တာဝန်ခံမှု၊ သက်ဝင်မှုရှိသည့် အချက်အလက်များ ထည့်သွင်းရရှိနိုင်မှုကို သံသယရှိသော်လည်း အချို့သော အာဆီယံနိုင်ငံများကမူ ၎င်းစည်းမျဉ်းများသည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) ပေါ်တွင် အခြေခံသည်ဟု အခိုင်အမာဆိုသည်။

 

တရုတ်နိုင်ငံက ကျင့်ဝတ်စည်းမျဉ်းကို ထောက်ခံသည်ဟု ဆိုသော်လည်း UNCLOS အရ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံမှ မပိုင်ဆိုင်ဟု ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုဟု ဆိုသည်။ တရုတ်အစိုးရသည် UNCLOS တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာ ဥပဒေများ လိုက်နာရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပါဝင်သည့် ထိပ်သီးအစည်းအဝေးတွင် ဖိအားပေးလိမ့်မည်ဟု ထုတ်ပြန်ထားသည်။

 

၎င်းတို့သည် ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ ရုရှားအပါအဝင် အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် လုံခြုံရေးဆိုင်ရာ အာဆီယံဖိုရမ်သို့ စနေနေ့တွင် တက်ရောက်ကြမည်ဖြစ်သည်။

 

ထိပ်သီးအစည်းအဝေးများတွင် ဂါဇာစစ်ပွဲ၊ ယူကရိန်း ပဋိပက္ခ၊ စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်၊ ကုန်သွယ်မှု ကာကွယ်ရေးနှင့် မြောက်ကိုးရီးယား နျူကလီးယား ရည်မှန်းချက်တို့ကို ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။

 

ကိုးကား - Reuters

ပုံစာ - ၂၀၀၈ ခုနှစ် ဂျူလိုင်လ ၂၃ ရက်နေ့ အာဆီယံဒေသဆိုင်ရာ အစည်းအဝေးမှ အဖွဲ့ဝင်နိုင်ငံများ၏ အလံများ။ (REUTERS/Romeo Gacad/Pool/File Photo)

 

Burma Associated Press

မြန်မာ
ဒုက္ခအကြပ်အတည်း
တောင်တရုတ် ပင်လယ်
အာဆီယံ
လာအို
တင်းမာမှု

Share With
bap-logo