Politics
စစ်ခေါင်းဆောင်မွေးနေ့ ကျွေးတဲ့ အစားအသောက်ကြောင့် အင်းစိန်ထောင်အတွင်းမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ
လွန်ခဲ့သော ၆ လ က
ဇူလိူင် ၂၇။
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဥ်းသား အကျဥ်းသူအပါဝင် အကျဥ်း သား ၁၀၀ ကျော် ဝမ်းပျက် ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ ထောင်နဲ့နီးစပ်သူအချို့ဆီက သိရပါတယ်။
ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူတွေကိုလည်း လုံလောက်တဲ့ ဆေးဝါးများ ပေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဇူလိုင်လ ၂၀ ရက်အထိ နေ့စဉ် အကျဉ်းသား ၅ ဦးကနေ ၁၀ ဦး အထိ ကူးစက်ခံစားခဲ့ရပြီး အနည်းဆုံး ၁၅၀ ဝန်းကျင်ခန့် ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။
"ထောင်ဆေးရုံမှာ တက်ကြရသူတွေ ရှိခဲ့ပါတယ်၊ ဆေးရုံတက်ရောက် ကုသနေရသူတွေ ကျန်ရှိနေပါသေးတယ်၊ လက်ရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူ ၃၀ လောက် ကျန်ရှိနေသေးတာ သိရှိထားရပါတယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင်တဦးက ပြောပါတယ်။
ဒီလိုဝမ်းလျှောတာဟာ ဇူလိုင်လ ၃ ရက်က စစ်ကောင်စီစစ်ခေါင်းဆောင် မွေးနေ့အဖြစ် ထောင်အာဏာပိုင်တွေက ကျွေးတဲ့ ကြက်သားနဲ့ ပဲဟင်းကို စားခဲ့တာကြောင့်လို့ ဆိုပါတယ်။
မွေးနေ့ရှိတာကြောင့် အကျဥ်းသားတွေအိမ်ကပို့တဲ့ အစားအသောက်တွေကို စားသုံးခွင့်မပြုကြောင်း ဖိအားပေးပြီး ထောင်တွင်းအမိန့် ထုတ်ပြန်ခဲ့တာကြောင့်လို့ သိရပါတယ်။
မွေးနေ့မှာကျွေးတဲ့ ပဲဟင်းနဲ့ကြက်သားမှာ လတ်ဆတ်ခြင်းမရှိဘဲ သိုးနံ့ထွက်နေခဲ့တာ အကျဉ်းဦးစီးဝန်ထမ်းတွေကို နိုင်ငံရေးအကျဉ်းသားတွေက တင်ပြပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ထောင်ကကျွေးတဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်လို့ ဖိအားပေးတာရှိခဲ့တယ်လို့ PPNM ကအသိပေးထားပါတယ်။
ထောင်ကကျွေးတာစားပြီး၊ ဇူလိုင်လ ၄ ရက်မှစကာ ထောင်တွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးဆက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတင်းကို အင်းစိန်ထောင်အာဏာပိုင်တွေက ဖုံးထားတဲ့အပြင် မိသားစုဝင်တွေပို့တဲ့ အစား အသောက်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တယ်ဆိုပြီး ထောင်ဝင်စာတွေကို ကန့်သတ်တာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Related Articles
- စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ကိုပါ ယူလိုက်ကြောင်း စစ်ကောင်စီကြေညာ
- မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများ ဖြေရှင်းရန် လာအိုနိုင်ငံတွင် အာဆီယံဝန်ကြီးများ တွေ့ဆုံကြိုးပမ်း
- ဒိုက်ဦးတွင် လူငယ်များ အကြောင်းမဲ့ ဖမ်းဆီးခံနေရ
- စားဝတ်နေရေးကြပ်နေချိန် သာကေတက ကျောင်းတွေက ဝါဆိုသင်္ကန်းအတွက် ငွေအတင်းအကြပ်တောင်းနေ
Top News
လွန်ခဲ့သော ၄ ရက် က