bap-logo
​
Politics

KNU တပ်မဟာ (၆) ခရိုင်ခေါင်းဆောင်များပြောင်း အလဲဖြစ်

ECabVMcN6gj90d9TUybM9-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၈။

 

ကရင်အမျိုးသားအစည်းအရုံး - KNU ၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် ခရိုင်ခေါင်းဆောင်များ အပြောင်းအလဲဖြစ်ခဲ့သည်။

 

ဒူးပလာယာခရိုင်၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်အပြီးတွင် ထိုသို့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်နီးစပ်သည့် ဆက်ဆံရေးရှိသည့် ယခင်ဥက္ကဌဟောင်း ပဒို စောရွှေမောင်း၏ နေရာတွင် အတွင်းရေးမှူးဖြစ်သူ ပဒိုစောလစ္စတန်က ခရိုင်ဥက္ကဌသစ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

 

ခရိုင်၏ အခြားအရေးပါသည့် နေရာဖြစ်သည့် အတွင်းရေးမှူးနေရာကို KNU ၏ ယခင် ကော့ကရိတ် မြို့နယ် ဥက္ကဌဟောင်းဖြစ်သည့် ပဒိုစောမောထူးက ရွေးချယ်ခံရပြီး တွဲဖက်အတွင်းရေးမှူးနေရာတွင် ပဒိုမူးအဲ့ဒို့ဖြစ်လာခဲ့သည်။

 

ကော့ကရိတ်မြို့အခြေစိုက် KNLA တပ်ရင်း (၁၈) မှ တပ်ရင်းမှူးဟောင်းနှင့် ခရိုင်ရဲမင်းကြီးဖြစ်သူ ပဒိုစောနေ့ထူးက ခရိုင်တရားသူကြီးဖြစ်လာခဲ့သည်။

 

လေးနှစ်တကြိမ်ကျင်းပရသည့် ဒူးပလာယာခရိုင်၏ ခရိုင်ကွန်ဂရက်သည် ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် အကြိမ်ကြိမ်နောက်ဆုတ်ခဲ့ရပြီး ယခုမှသာ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကိုအပြီးသတ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

Burma Associated Press

ကရင်အမျိုးသားအစည်းအရုံး

Share With
bap-logo