Politics
စုန်းချောင်းရွာသားများ အသတ်ခံရမှုတွင် NUG ကြားကာလပညာရေး ကျောင်းသား ၄ ဦး ပါဝင်
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာရှိ ပြည်သူများ အသတ်ခံရ မှုတွင် NUG ကြားကာလ ပညာရေး၌ သင်ကြားနေသည့် ကျောင်းသား ၄ ဦး ပါဝင်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အဖွဲ့ဝင် တစ်ဦးက BAP သို့ အတည်ပြုသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က စုန်းချောင်းရွာအတွင်းသို့ ပကဖ ခေါင်းဆောင်များ ကို ဖမ်းဆီးရန်ဟုဆိုကာ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီးနောက် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့နောက် ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးခံထားရသူများမှ ၁၄ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်လွတ်လာသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ BAP သို့ ပြောသည်။
အသတ်ခံရသူ ၁၄ ဦးတွင် ပကဖအဖွဲ့ဝင် နှစ်ဦး၊ NUG ကြားကာလပညာရေး ကျောင်းသား ၄ ဦး ပါဝင်ပြီး ကျန်သူများမှာ စုန်းချောင်း ရွာသားများ ဖြစ်သည် ဟုလည်း ထပ်မံအတည်ပြုထားသည်။
လက်ရှိအချိန်ထိ စုန်းချောင်းရွာသားများကို ရွာထဲသို့ ပြန်မဝင်ရန် ဒေသခံ အဖွဲ့အစည်းများက သတိပေးထားပြီး စစ်ကောင်စီတပ်၏ လှုပ်ရှားမှု အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ပုံစာ- ဇူလိုင်လ ၂၁ ရက်တွင် စစ်ကောင်စီ သတ်ဖြတ်ခြင်းခံရသည့် စုန်းချောင်းပြည်သူများ (ဓာတ်ပုံ- စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
Related Articles
- NUG နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဟု ကနေဒါ ထပ်လောင်း အတည်ပြု
- မိုင်းကြောင့် ကေအဲန်ယူ တပ်မဟာ (၁) တွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
- မြန်မာအရာရှိများနှင့် အစုအဖွဲ့များကို ပိတ်ဆို့အရေးယူမှုများ ဥရောပသမဂ္ဂ ထပ်မံချမှတ်
- ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင် ၅ နှစ် ထပ်မံချမှတ်ခံရ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အထိ ရှိလာ