bap-logo
Politics

မိုင်းကြောင့် ကေအဲန်ယူ တပ်မဟာ (၁) တွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

CZ6MUgChJngIXU-X9h9Kf-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဇူလိုင် ၁၈။

 

ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် (တပ်မဟာ ၁) တွင် ဇူလိုင်လ ၁၃ ရက်က စစ်ကောင်စီ ထောင်ထား သော မိုင်းနင်းမိ၍ ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။

 

ထို့အပြင် ဒူးသထူခရိုင်အတွင်း စစ်တပ်က အရပ်သားနေထိုင်ရာဒေသများတွင် တပ်စွဲကာ လက်နက်ကြီး ပစ်ခတ်မှု၊ မိုင်းထောင်ထားမှုများကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေရသည်ဟု ကေအဲန်ယူကဆိုသည်။

 

စစ်ကောင်စီ၏ တပ်မ-(၄၄) လက်အောက်ခံတပ်ရင်း စစ်ဆေးရေးဂိတ်မှ ဇူလိုင် ၁၄ ရက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် မုပ္ပလင်ရွာအနီး အေးဘုရား ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦး ၂ လုံး ပျက်စီးခဲ့ပြီး ၆၁ နှစ်အရွယ် မယ်သီလရှင် တစ်ပါး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

အာဏာသိမ်းပြီးနောက် ဒူးသထူခရိုင်-ကျိုက်ထိုမြို့နယ်တွင် စစ်ဆေးရေးဂိတ်များ တိုးပြီး တပ်စွဲလာကာ အရပ်သားများအား မတရားငွေကြေးကောက်ခံခြင်း၊ ကုန်ပစ္စည်းများ အကန့်အသတ်ဖြင့် သယ်ယူခွင့် ပြုခြင်း၊ ငွေညစ်ခြင်းများကြောင့် ဒေသခံများအနေဖြင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာနေ၍ စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း ကေအဲန်ယူထံမှသိရသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ

ပုံစာ- စစ်တပ်မိုင်းနင်းမိ၍ အသက်သေဆုံးခဲ့ရသည့် ကလေးတစ်ဦး

Burma Associated Press

မြေမြှပ်မိုင်း
ကလေးသူငယ်
အသတ်ခံရ
ကေအဲန်ယူ

Share With
bap-logo