bap-logo
Politics

NUG နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဟု ကနေဒါ ထပ်လောင်း အတည်ပြု

c8mfKk5pb6-xu6CwOIro3-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၅။

ကနေဒါနိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁၄ ရက်က ထပ်လောင်းအတည်ပြုလိုက်ကြောင်း NUG က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင် ၁၄ ရက်က NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ကနေဒါနိုင်ငံ လွှတ်တော် အတွင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေးမှုတွင် ထိုကဲ့သို့ ဆိုခဲ့ခြင်း ဖြစ်သည်။

 

ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာန၏ လွှတ်တော် အတွင်းရေးမှူး Robert Oliphant က နိုင်ငံခြားရေး ဝန်ကြီး Mélanie Joly ကိုယ်စား တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

 

ထိုသို့ တွေ့ဆုံရာတွင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့အား အရေးယူပိတ်ဆို့နိုင်မည့် နည်းလမ်းများ၊ မြန်မာပြည်သူများအပေါ် ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
ကနေဒါ

Share With
bap-logo