Politics
ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင် ၅ နှစ် ထပ်မံချမှတ်ခံရ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အထိ ရှိလာ
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၁။
ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်အုပ်စုက ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။
စစ်တပ်က စွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
ကိုဉာဏ်ဝင်းထက်ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခဲ့ပြီး ယခုတစ်ကြိမ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကာ စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ရှိလာပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လတွင်လည်း စစ်တပ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုးကို ထောင်ဒဏ် ၁၀ နှစ်၊ ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်ကို ထောင်ဒဏ် သုံးနှစ် ထပ်မံ ချမှတ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား/သူ ပေါင်း ၁၃၈ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPPက ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ပုံစာ- ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်
Related Articles
- အရေးပေါ်ကာလကုန်ဆုံးကာနီးတွင် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လိုအပ်ချက်ရှိနေသေးဟု စစ်ခေါင်းဆောင်လေသံပစ်လာ
- NUG နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဟု ကနေဒါ ထပ်လောင်း အတည်ပြု
- မိုင်းကြောင့် ကေအဲန်ယူ တပ်မဟာ (၁) တွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
- မြန်မာအရာရှိများနှင့် အစုအဖွဲ့များကို ပိတ်ဆို့အရေးယူမှုများ ဥရောပသမဂ္ဂ ထပ်မံချမှတ်
- ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေ အဖြစ် လဲလှယ်ရမည်ဟု ဗဟိုဘဏ် ထပ်မံပြင်ဆင်