bap-logo
Politics

မြန်မာအရာရှိများနှင့် အစုအဖွဲ့များကို ပိတ်ဆို့အရေးယူမှုများ ဥရောပသမဂ္ဂ ထပ်မံချမှတ်

er7dcLSB_9uPrQdXrZppl-image

လွန်ခဲ့သော တစ်နှစ် က

၂၀၂၁ ခုနှစ် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းစဉ်မှစ၍ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းတိုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂသည် ခုနှစ်ကြိမ် မြောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။ 

 

ပိတ်ဆို့အရေးယူမှုအသစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေ၊ အလုပ်သမား၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနများမှ ပြည်ထောင်စု ဝန်ကြီး သုံးဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၂ ဦး၊ ဒုဗိုလ်ချုပ်ကြီးတစ်ဦး၊ နိုင်ငံပိုင် လုပ်ငန်းဖြစ်ပြီး မြန်မာစစ်တပ်မှ ထိန်းချုပ်ထား၍ အကျိုးအမြတ်ရယူနေသော အမှတ် (၂) သတ္တုတွင်းလုပ်ငန်းများ အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် အဖွဲ့အစည်း တစ်ခုကို ပစ်မှတ်ထားအရေးယူခြင်းဖြစ်သည်ဟု EU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

လက်ရှိ တားမြစ်အရေးယူခံထားရသူများမှာ တစ်ဦးချင်းအနေဖြင့် ၉၉ ဦးနှင့် အဖွဲ့အစည်းပေါင်း ၁၉ ခု ရှိသည်။ ၎င်းအရေးယူခံရသူများကို ဥရောပသမဂ္ဂနယ်မြေများသို့ ဝင်ရောက်ခြင်း၊ ဖြတ်သန်းသွားလာခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ခရီးသွားပိတ်ပင်မှုများ ပြုလုပ်သွားမည်။ ထပ်မံ၍ ၎င်းစာရင်းဝင်အရေးယူခံရသူများကို ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များအနေဖြင့် ငွေကြေးပေးအပ်ခြင်းမှ တားမြစ်သည်ဟု ဖော်ပြထားသည်။ 

 

ကိုးကား - The ReutersEU

ပုံစာ - ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့၊ ဥရောပကော်မရှင်ရုံးချုပ်။

Photo: REUTERS

 

Burma Associated Press

ဥရောပသမဂ္ဂ
ဒဏ်ခတ်ပိတ်ဆို့မှု
စစ်ကောင်စီ

Share With
bap-logo