Politics
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို IEC က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
လွန်ခဲ့သော ၉ လ က
မေ ၁၀။
လွိုင်ကော်တက္ကသိုလ် Non-CDM ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က မေလ ၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုနဲ့လူသားချင်း စာနာထောက်ထားမှုကို ဦးစားပေးမှုတို့ကြောင့် မေ ၈ ရက်ကစလို့ ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ လွတ်ငြိမ်းခွင့်ပြုလိုက်ရတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းခွင့်ပြုလိုက်သူတွေမှာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဒေါ်လှလေးမြင့်၊ ဒေါ်ယဥ်ယဥ်နိုင်၊ ဒေါ်မို့မို့ထွန်း၊ ဒေါ်သီတာတို့ ပါဝင်တယ်လို့ သိရပါတယ်။
အခု လွတ်ငြိမ်းခွင့်ပေးလိုက်သူ ၅ ဦး အပါအဝင် လွိုင်ကော် တက္ကသိုလ်က Non- CDM ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင် ၂၀၄ ဦးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတုန်းက ကရင်နီတပ်ဖွဲ့တွေက ကယ်ထုတ်ထားတာ ဖြစ်ပါတယ်။
Burma Associated Press
Related Articles
- ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းပြီးနောက် မြန်မာစစ်အာဏာရှင်က ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ထပ်မံအတည်ပြု
- မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ သုံးသန်းကျော်ပြီဟု ကုလပြော
- မြန်မာစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုသက်တမ်း တစ်နှစ်ထပ်တိုးကြောင်း EU ကြေညာ
- ဆီဆိုင်မြို့မှာ မပေါက်ကွဲသေးတဲ့ စစ်ကျန် ပစ္စည်းတွေကြောင့် အရပ်သားထိခိုက်မှုတွေရှိနေ
Top News
လွန်ခဲ့သော ၂၁ နာရီ က
လွန်ခဲ့သော ၅ ရက် က