bap-logo
Politics

ဆီဆိုင်မြို့မှာ မပေါက်ကွဲသေးတဲ့ စစ်ကျန် ပစ္စည်းတွေကြောင့် အရပ်သားထိခိုက်မှုတွေရှိနေ

zHemtCC4qDDXceiSHQ0UZ-image

လွန်ခဲ့သော ၄ လ က

BAP၊ မေ ၉။

 

စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့မှာ မပေါက်ကွဲသေးတဲ့ စစ်ကျန် ပစ္စည်းတွေကြောင့် အရပ်သားထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

 

စစ်တပ်နဲ့ပအိုဝ်းပြည်သူ့စစ်က ဆီဆိုင်မြို့အတွင်းပြန်နေလို့ရပြီလို့ ကြေညာထားပေမယ့် မိုင်းရှင်း ပေးတာ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို ရှင်းလင်းပေးတာတွေ မလုပ်ပေးသေးဘူး။ လူတွေက မပေါက်ကွဲ သေးတဲ့မိုင်းတွေ လက်နက်ကြီးကျည်တွေ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့တွေ့မှ သူတို့စစ်တပ်ရှ်ိတဲ့နေရာကို သွားခေါ်မှလာတာမျိုး” လို့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

 

ပြည်သူအချို့က နေအိမ်မီးလောင်ရာနေရာကို လာရှင်းနေကြပေမယ့် ဘာအသိပညာပေးမှ မသိတော့ ပေါက်ကွဲပြီး ဒဏ်ရာရရှိတာတွေရှိတယ်၊ ရှင်းလင်းရေးမလုပ်သေးဘဲ ဌာနဆိုင်ရာဝန်ထမ်းတွေတောင် လာမနေရဲကြသေးဘူး ပြည်သူအချို့ပြန်လာနေကြပြီ” လို့လည်း သူကဆက်ပြောပါတယ်။

 

 

လက်ရှိမှာ မြို့တွင်း တိုက်ပွဲတွေမရှိတော့ပေမယ့် ဆီဆိုင်မြို့နယ်ထဲကရွာတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

 

ဆီဆိုင်မြို့မှာ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ၃ လကျော်ကြာရှောင်ပြေးခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့ကပြည်သူတွေ ဒီရက်ပိုင်းမြို့ထဲ ပြန်လည်နေထိုင်ဖို့ ပြင်ဆင်နေကြတာပါ။

 

 

စစ်ရှောင်နေရင်းနဲ့ အဆင်မပြေတာများနေလို့ ပြန်နေကြတာ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

 

 

အခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ စစ်တွေက တဖက်၊ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်( PNLA) နဲ့မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးမှု ၅၈ ဦး ထိခိုက်သူ ၇၁ ဦးနဲ့ ပျောက်ဆုံးနေသူအရပ်သား ၆၀ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ကောက်ယူ ထားတဲ့ စာရင်းများအရသိရပါတယ်။

 

 

Burma Associated Press

 

ဆီဆိုင်မြို့
အာဏာသိမ်းစစ်တပ်
PNO

Share With
bap-logo