bap-logo
Politics

မြန်မာစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုသက်တမ်း တစ်နှစ်ထပ်တိုးကြောင်း EU ကြေညာ

XsfvNcgJJ7PnTtA7lnijy-image

လွန်ခဲ့သော ၁၅ ရက် က

ဧပြီ ၂၇။

 

မြန်မာစစ်ခေါင်းဆောင်များအပါအဝင် ၎င်းတို့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများအပေါ် အရေးယူ ပိတ်ဆို့မှုကို တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ဥရောပသမဂ္ဂက ယမန်နေ့က ထုတ်ပြန်သည်။

 

အဆိုပါပိတ်ဆို့မှုတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေအပါအဝင် လူပုဂ္ဂိုလ် ၁၀၃ ဦး၊ အဖွဲ့အစည်း ၂၁ ခုပါဝင်ပြီး နောက်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ အကျုံးဝင်သည်ဟု EU ထုတ်ပြန်ချက်အရ သိရသည်။

 

ဥရောပသမဂ္ဂ၏ သုံးသပ်ချက်များအရ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်များနှင့် မြန်မာပြည်သူ များအပေါ် အကြမ်းဖက်များက ဆက်လက်ဆိုးရွားနေဆဲဖြစ်သည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း EU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အရေးယူပိတ်ဆို့ခံရသူများသည် ပိုင်ဆိုင်မှုများထိန်းသိမ်းခံရကာ ထောက်ပံ့မှု သို့မဟုတ် စီးပွားရေးဆိုင်ရာ အရင်းအမြစ်များ တားမြစ်ခံထားရပြီး ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံမှာ (စစ်ကောင်စီရဲ့) ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီကို ထိခိုက်စေတဲ့ လုပ်ဆောင်မှုအပါအဝင် ဆက်လက်ဆိုးရွားနေဆဲအခြေအနေများအပေါ် သုံးသပ်မှုနဲ့ အရေးယူမှုအစီအမံများကို နှစ်ပတ်လည်ဆန်းစစ်မှုအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါဟု ဥရောပကောင်စီက ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 

ပုံစာ - စစ်တပ်နှင့် ကရင်နယ်ခြားစောင့်က မီးရှို့ခဲ့သည့် ကရင်ပြည်နယ်၊ မဲကနယ်ရွာမှနေအိမ်တစ်လုံး

 

Burma Associated Press

အီးယူ
ဒဏ်ခတ်ပိတ်ဆို့မှု
မြန်မာ
စစ်ကောင်စီ

Share With
bap-logo