Politics
ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းပြီးနောက် မြန်မာစစ်အာဏာရှင်က ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ထပ်မံအတည်ပြု
လွန်ခဲ့သော ၉ လ က
ယခုအပတ်အတွင်း ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ပြောဆိုဆွေးနွေးစဉ် မြန်မာစစ်တပ်အကြီးအကဲက ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ဆွေးနွေးခဲ့သည်။ ၎င်းကဲ့သို့ ဆွေးနွေးခဲ့သော်လည်း စစ်အာဏာရှင်သည် လက်နက်ကိုင်ခုခံတော်လှန်မှုများ ကျယ်ပြန့်လာနေခြင်းကြောင့် မကြုံစဖူး ဖိအားများ ရင်ဆိုင်နေရသည်။
စစ်တပ်အုပ်ချုပ်ရေးဘက်မှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေး ကတိ အကြိမ်ကြိမ်ပြုခဲ့သော်လည်း ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ပြုလုပ်မည်ကို မသတ်မှတ်ခဲ့ပေ။
ဆယ်စုနှစ် လေးခုနီးပါး တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရာထူး လက်လွှတ်ခဲ့ရသည့် ဟွန်ဆန်က စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရရှိရေး အင်္ဂါနေ့က တောင်းဆိုခဲ့သည်။
မင်းအောင်လှိုင်က ၎င်း၏ တောင်းဆိုချက်ကို “အလေးပေး စဉ်းစား”လိမ့်မည် ဟု ဟွန်ဆန်က ပြောသည်။
စစ်အာဏာရှင်ပြောခွင့်ရ ဇော်မင်းထွန်းက ဟွန်ဆန်သည် မြန်မာ့အရေး စိတ်ဝင်စားသည့် အတွေ့အကြုံရှိ ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း ပြောသည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး အဆိုပြုချက်ကို တိုက်ရိုက် ဖော်ပြခြင်း မရှိပေ။
“ကျွန်တော်တို့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ကတိပြုခဲ့ပါတယ်။ ကျွန်တော်တို့ လက်ရှိ အဲဒီအတွက် လိုအပ်တာတွေ ပြင်ဆင် အကောင်အထည် ဖော်နေပါတယ်။” ဟု ဇော်မင်းထွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
“ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေမယ့်၊ နှောင့်ယှက်မယ့် ဘယ်လို လုပ်ရပ်မဆို၊ ဘယ်လိုအရာမဆို တားဆီးသွားမှာ ဖြစ်ပါတယ်။”
စစ်အာဏာရှင်က ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိလျှင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း တစ်နိုင်ငံလုံး ကျင်းပရန် မဖြစ်နိုင်ပေ။ မင်းအောင်လှိုင်က စစ်တပ်သည် အာဏာ ယာယီရယူထားခြင်းသာဖြစ်ကြောင်း မတ်လက ခုခံငြင်းဆန်ခဲ့သည်။
ကိုးကား - Reuters
ပုံစာ - ဧပြီလ ၃၀ ရက် ၂၀၁၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေး နန်းတော်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုစဉ်။ (REUTERS/Samrang Pring/File Photo)
Top News
လွန်ခဲ့သော ၂၁ နာရီ က
လွန်ခဲ့သော ၅ ရက် က