bap-logo
Politics

ယူကရိန်း၊ အစ္စရေးတို့သို့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီများပေးရန် အမေရိကန် အောက်လွှတ်တော် ခွင့်ပြု

jOOft7ye4RxWFCpqVD3T3-image

လွန်ခဲ့သော ၉ လ က

 

သဘောထားတင်းမာသည့် ရီပတ်ဘလီကန်များက ခါးခါးသီးသီး ကန့်ကွက်သည့်ကြားမှ အမေရိကန်အောက်လွှတ်တော်က ကျယ်ပြန့်သော နှစ်ပါတီထောက်ခံမှုဖြင့် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့ကို လုံခြုံရေးအထောက်အပံ့များ ပေးအပ်ရန် ဥပဒေကို စနေနေ့တွင် ခွင့်ပြုလိုက်သည်။

 

၎င်းဥပဒေပြုရေးသည် ယခုအခါ ဒီမိုကရက်တစ်အများစုပါဝင်သည့် အထက်လွှတ်တော်သို့ ရောက်ရှိလာသည်။ အထက်လွှတ်တော်က အလားတူဆုံးဖြတ်ချက် တစ်ခုကို လွန်ခဲ့သည့်နှစ်လကျော်က ခွင့်ပြုခဲ့သည်။ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်မှသည် ထိပ်တန်း အထက် လွှတ်တော် ရီပတ်ဘလီကန် Mitch McConnell တို့ကဲ့သို့သော အမေရိကန်ခေါင်းဆောင်များသည် အတိုက်အခံပြုနေသည့် အောက်လွှတ်တော် ဥက္ကဌ ရီပတ်ဘလီကန် Mike Johson ကို မဲခွဲဆုံးဖြတ်ရန် တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။

 

အထက်လွှတ်တော်က အောက်လွှတ်တော်၏ ခွင့်ပြုချက်ကို အင်္ဂါနေ့တွင် စတင် စဉ်းစားသုံးသပ်မည်ဖြစ်ပြီး ပဏာမမဲခွဲခြင်းကို ယင်းနေ့ နေ့လည်ပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။ နောက်ဆုံးခွင့်ပြုချက်ကို လာမည့်အပတ်တွင် ခွင့်ပြုမည်ဟု မျှော်လင့်ရပြီး သို့မှသာ ဘိုင်ဒန်က ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုနိုင်မည်ဖြစ်သည်။

 

ဥပဒေက ယူကရိန်းပဋိပက္ခအတွက် အမေရိကန် လက်နက်၊ ကုန်၊ အဆောက်အအုံများ ဒေါ်လာ ၂၃ ဘီလီယံ ဖြည့်တင်းရန် အပါအဝင် ဒေါ်လာ ၆၀.၈၄ ဘီလီယံ၊ အစ္စရေးနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအတွက် ဒေါ်လာ . ဘီလီယံ၊ ထိုင်ဝမ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွက် ဒေါ်လာ .၁၂ ဘီလီယံတို့ ပေးအပ်သွားရန် ရှိသည်။

 

အရေးပါတဲ့ အမေရိကန် အထောက်အပံ့ဥပဒေကို အောက်လွှတ်တော်က ခွင့်ပြုလိုက်တာဟာ စစ်ပွဲကျယ်ပြန့်လာခြင်းမှ တားဆီးပေးပါတယ်။ အသက်ပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီး ကယ်တင်ပေးတယ်။

 

 

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီးက ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပြီး အမေရိကန်လွှတ်တော်အမတ်များသည်သမိုင်းလမ်းကြောင်းမှန်ပေါ်ဆက်လက်တည်နေရန် လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။

 

အရေးပါတဲ့ အမေရိကန် အထောက်အပံ့ဥပဒေကို အောက်လွှတ်တော်က ခွင့်ပြုလိုက်တာဟာ စစ်ပွဲကျယ်ပြန့်လာခြင်းမှ တားဆီးပေးပါတယ်။ အသက်ပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီး ကယ်တင်ပေးတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို ပိုပြီး သန်မာလာအောင် ကူညီပေးရာရောက်ပါတယ်။ဟု ဇလန်စီကီးက X တွင် ပြောသည်။

 

ယူကရိန်း၏ စစ်မြေပြင် အရေးပေါ်လိုအပ်ချက်များ ပြည့်မီရန် ဥပဒေ အတည်ပြုပြီးသည်နှင့် အထောက်အပံ့အသစ်များ မကြာမီ ကြေငြာနိုင်ရန်အတွက် ဘိုင်ဒန်အစိုးရသည် ယူကရိန်းအတွက် နောက်ထပ် အထောက်အကူပြု အကူအညီများ အပြီးသတ် ပြင်ဆင်နေပြီးဖြစ်သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။

 

ယူကရိန်းအတွက် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှုအသစ်သည် မည်မျှ မြန်ဆန်စွာ ကုန်ဆုံးမည်ကို ရှင်းလင်းစွာ မသိရှိရဘဲ လွှတ်တော်မှ ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုရဖွယ်ရှိသည်။

 

ပြီးခဲ့သည့်နှစ်ကပင် ယူကရိန်းအတွက် ထပ်တိုး အထောက်အပံ့များ ခွင့်ပြုပေးရန် လွှတ်တော်ကို တောင်းဆိုနေခဲ့သော ဘိုင်ဒန်သည် "အစ္စရေးဟာ အီရန်ရဲ့ မကြုံစဖူး တိုက်ခိုက်မှု ခံနေရပြီး ယူကရိန်းကို ရုရှားက ဆက်လက်ဗုံးကြဲနေတဲ့အတွက် သေရေးရှင်ရေး အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

 

ယူကရိန်းဘဏ္ဍာရေးအထောက်အပံ့အတွက် ခွင့်ပြုချက်ကို မဲခွဲရာ ၃၁၁-၁၁၂ ရရှိခဲ့သည်။ ၁၁၂ ဦးသော ရီပတ်ဘလီကန်များက ဥပဒေပြုရေး ဆန့်ကျင်ခဲ့ပြီး ၁၀၁ ဦးကသာ ထောက်ခံခဲ့သည်။

 

“Mike Johnson ကတော့ ဒီလောက်နဲ့ နောက်ဆုံးပါပဲ။ ဒီလူ့အတွက် အဆုံးသတ်သွားပြီ။ဟု ရီပတ်ပလီကန် လက်ယာစွန်းရောက် ကိုယ်စားလှယ် Marjorie Taylor Greene က မဲခွဲအပြီး သတင်းထောက်များကို ပြောသည်။

 

သူမသည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် ယူကရိန်းကို ကူညီခြင်းအတွက် အဓိက အတိုက်အခံ တစ်ဦးဖြစ်ကာ ၎င်းအရေးနှင့်ပတ်သတ်၍ Johnson ကို ရာထူးမှ ဖယ်ရှားရေး ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ Greene သည် စနေနေ့တွင် ယင်းကဲ့သို့ လုပ်ဆောင်မှုများ ရပ်တန့်ခဲ့သည်။

 

မဲခွဲစဉ်အတွင်း ဥပဒေပြုအမတ်အများအပြားက ယူကရိန်းအလံငယ်များ ဝှေ့ယမ်းခဲ့ကြကာ ဥပဒေပြုရေး အစိတ်အပိုင်းတစ်ချို့ ခွင့်ပြုချက်ရမည်ဟု ရှင်းရှင်းလင်းလင်း သိရှိလာစေခဲ့သည်။ Johnson က ဥပဒေပြုအမတ်များကို "ဣန္ဒြေမဲ့သည်ဟု ဆိုကာ သတိပေးခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - ဧပြီလ ၂၀ ရက် ၂၀၂၄ ခုနှစ် ယူကရိန်းထောက်ခံသူများက အမေရိကန် လွှတ်တော်အဆောက်အအုံပြင်ပတွင် ဆန္ဒဖော်ထုတ်နေစဉ် တွေ့မြင်ရသည့် အလံများ။ (REUTERS/Ken Cedeno)

 

Burma Associated Press

ယူကရိန်း
အစ္စရေး
အမေရိကန်
စစ်ပွဲ

Share With
bap-logo