bap-logo
Politics

အစ္စရေးကို အမေရိကန် ဒဏ်ခတ် အရေးယူဖွယ်ရှိ၊ အစ္စရေးခေါင်းဆောင်များ ပြစ်တင်ရှုတ်ချ

dt7dphDO_aWPLAf4VtQ3h-image

လွန်ခဲ့သော ၅ လ က

 

ယခုအပတ်အစောပိုင်းတွင် အမေရိကန်နိုင်ငံက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) တပ်ရင်းတစ်ခုကို ၂၀၂၂ ခုနှစ်က လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဒဏ်ခတ်ရေးယူဖွယ်ရှိသည့်အတွက် အစ္စရေးခေါင်းဆောင်များက ဝေဖန်လိုက်သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က IDF တပ်ရင်း "Netzah Yehuda” ကို ကန့်သတ်အရေးယူကြောင်း ရက်ပိုင်းအတွင်း ကြေငြာသွားဖွယ် ရှိပြီး အစ္စရေး စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ခုကို အမေရိကန်က ပထမဆုံး ဒဏ်ခတ်အရေးယူမှု ဖြစ်လာနိုင်သည်။ ဘလင်ကန်က ကန့်သတ်အရေးယူမှုကို လုပ်ဆောင်ခဲ့ပါလျှင် အစ္စရေး၏ ဂါဇာတွင် ဆက်လက်တိုက်ခိုက်နေသော စစ်ပွဲကြောင့် ရှိနှင့်ပြီးသား မဟာမိတ်များအကြား တင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်သည်။

 

အမေရိကန်အရာရှိများက ကန့်သတ်အရေးယူမည့် တပ်ကို ဖော်ပြခြင်းမရှိသော်လည်း အစ္စရေးခေါင်းဆောင်များနှင့် ဒေသတွင်းမီဒီယာများက လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖွဲ့စည်းခဲ့သည့် Netzah Yehuda တပ်ရင်း ဖြစ်ကြောင်း ဖော်ပြကြသည်။

 

အစ္စရေးအရာရှိများ ဖြစ်နိုင်ချေရှိသော ကန့်သတ်အရေးယူမှုကို ပြစ်တင်ရှုတ်ချကြပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုကလည်း ဆန့်ကျင်သွားမည်ဟု ပြောသည်။

 

တစုံတယောက်က IDF တပ်ဖွဲ့တစ်ခုအပေါ် ကန့်သတ်အရေးယူမယ်လို့ စဉ်းစားရင် ကျွန်တော် ရှိသမျှ အင်အားနဲ့ ဆန့်ကျင်သွားမယ်။ဟု နေတန်ရာဟုက ပြောသည်။

 

တပ်ရင်းတပ်ဖွဲ့ဝင်အချို့မှာ ပါလက်စတိုင်းများအပေါ် ဖိနှိပ်မတရားပြုခြင်းများနှင့် ချိတ်ဆက်နေသည်။ အနောက်ဘက်ကမ်း စစ်ဆေးရေးဂိတ်တွင် အသက် ၇၈ နှစ်အရွယ် ပါလက်စတိုင်း-အမေရိကန် Omar Assad ဖမ်းဆီးခံခဲ့ရပြီးနောက် သေဆုံးသွားသည့်အတွက် ၂၀၂၂ ခုနှစ်တွင် ၎င်းတပ်ဖွဲ့ကို အမေရိကန်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

 

တစုံတယောက်က IDF တပ်ဖွဲ့တစ်ခုအပေါ် ကန့်သတ်အရေးယူမယ်လို့ စဉ်းစားရင် ကျွန်တော် ရှိသမျှ အင်အားနဲ့ ဆန့်ကျင်သွားမယ်

 

 

အလောင်းကို ပါလက်စတိုင်းတာဝန်ရှိသူများက ခွဲစိတ်စစ်ဆေးရာ Assad သည် "ပြင်ပ အကြမ်းဖက်မှုကြောင့် နှလုံးဖောက်ပြန်မှု ခံစားခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတွင် ရောဂါအခံလည်း ရှိကြောင်း တွေ့ရှိခဲ့သည်။

 

Assad ခေါင်းတွင် အညိုအမည်းများရှိခြင်း၊ ၎င်း၏ လက်ကောက်ဝတ်တွင် ချည်နှောင်ခံရမှုကြောင့် နီရဲနေခြင်း၊ မျက်နှာကို အဝတ်ဖြင့် တင်းကျပ်စွာ စည်းထားသည့်အတွက် မျက်ခွံအတွင်း သွေးယိုနေခြင်းတို့ကိုလည်း အလောင်းကို စစ်ဆေးစဉ် တွေ့ရှိခဲ့သည်။

 

ယင်းအဖြစ်အပျက်ကြောင့် အစ္စရေးစစ်တပ်သည် ထိုအချိန်က အရာရှိတစ်ဦးကို အပြစ်ပေးဆုံးမခဲ့ပြီး အခြားနှစ်ဦးကို အမိန့်မပေးရသော တာဝန်များသို တာဝန်လွှဲပြောင်းပေးခဲ့သည်ဟု ပြောသည်။

 

အမေရိကန်နိုင်ငံ၏ ကျယ်လောင်စွာ ဝေဖန်မှုကြောင့် Netzah Yehuda တပ်ရင်းကို ၂၀၂၂ ခုနှစ်တွင် အနောက်ဘက်ကမ်းမှ အစ္စရေးမြောက်ပိုင်းသို့ နေရာရွှေ့ပြောင်းခဲ့သည်။ အောက်တိုဘာ ရက် ဟားမက်စ်တို့ ဦးဆောင်သည့် အစ္စရေးပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသောအခါ ၎င်းတပ်ရင်းသည် ဂါဇာအနီး တောင်ပိုင်း နယ်စပ်သို့ ပြန်လည် နေရာချထားခဲ့သည်။ ယခုအခါ ၎င်းတပ်ရင်းသည် ဂါဇာကမ်းမြှောင်ဒေသတွင် စစ်ရေးတိုက်ခိုက်မှုဖြင့် ကူညီပါဝင်နေသည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။

 

ဒီတပ်ရင်းက IDF ရဲ့ ကျင့်ဝတ်နဲ့အညီ၊ နိုင်ငံတကာဥပဒေတွေို့ အပြည့်အဝလိုက်နာပြီးတော့ ပညာသည်ပီသစွာ၊ ရဲရင့်စွာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ဟု အစ္စရေးစစ်တပ်က ပြောသည်။ ၎င်းတပ်ရင်းကို ကန့်သတ်အရေးယူခဲ့လျှင် "နောက်ဆက်တွဲ အကျိုးဆက်တွေကို သုံးသပ်ရပါလိမ့်မယ်။

 

ကန့်သတ်အရေးယူခံရပါက ၎င်းတပ်ရင်းနှင့် အဖွဲ့ဝင်များသည် အမေရိကန် စစ်တပ်၏ လေ့ကျင့်သင်ကြားရေး၊ အထောက်ကူများ ရရှိတော့မည်မဟုတ်ဟု သတင်းအရင်းအမြစ်များကို ကိုးကား၍ အမေရိကန် သတင်းဝက်ဘ်ဆိုက် Axios က တင်ပြသည်။

 

ယုံကြည်ရလောက်သည့် သတင်းအချက်အလက်များအရ လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲခံရသည့်နိုင်ငံများကို မည်သည့် နိုင်ငံခြားအထောက်အပံ့၊ ကာကွယ်ရေးဌာန၏ လေ့ကျင့်သင်ကြားမှုမျှ ပေးအပ်ခြင်း မပြုရန် Leahy ဥပဒေအရ တားမြစ်ထားသည်။

 

သောကြာနေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘလင်ကန်ကို အစ္စရေး၏ အနောက်ဘက်ကမ်းမှ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း၊ အစ္စရေးတပ်ဖွဲ့အချို့အပေါ် စစ်ရေးအထောက်အပံ့များ ဖြတ်တောက်ရန် ၎င်း၏ ဌာနမှ ရည်ညွှန်းထောက်ခံချက်များအကြောင်း မေးမြန်းခဲ့ကြသည်။

 

ဘလင်ကန်က Leahy ဥပဒေသည် အရေးကြီးကြောင်း၊ နေရာနှင့် အဆင့်အတန်းအစုံတွင် ကျင့်သုံးရကြောင်း ပြောသည်။

 

ဒီ စုံစမ်းစစ်ဆေးမှုတွေ၊ မေးမြန်းမှုတွေ လုပ်တဲ့အခါ ဒါက အချိန်ယူရတဲ့ အလုပ်ဖြစ်ပါတယ်။ အချက်အလက်စုဆောင်းရာမှာကော အချက်အလက်တွေကို အကဲဖြတ်ဆန်းစစ်ရာမှာပါ အလွန် ဂရုစိုက်ရပါတယ်။ ကျွန်တော်တို့ အတိအကျ အဲဒီလို လုပ်ခဲ့ပါတယ်။ဟု ၎င်းက ပြောသည်။ "ခင်ဗျားတို့ ရလဒ်တွေ မကြာခင် တွေ့ရမယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချမယ်။ ရက်မကြာခင်မှာ ခင်ဗျားတို့ တွေ့ရဖို့ မျှော်လင့်ပါတယ်။

 

Fox News Digital က နိုင်ငံခြားရေးဌာနသို့ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ပါသည်။

 

အစ္စရေး စစ်ပွဲဆိုင်ရာ ဝန်ကြီးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Benny Gantz က ၎င်းနှင့် ဘလင်ကန် တနင်္ဂနွေနေ့တွင် စကားပြောခဲ့ကြောင်း၊ ၎င်းက ဆုံးဖြတ်ချက်သည် "မှားယွင်းမှုတစ်ခုဖြစ်သည်ဟု ပြောခဲ့ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု The Associated Press က တင်ပြသည်။ Gantz က ကန့်သတ်အရေးယူမှုသည် တိုင်းပြည်၏ စစ်ဖြစ်နေချိန် တရားဝင်လုပ်ဆောင်နိုင်မှုကို ထိခိုက်စေမည်ဟုလည်း ပြောသည်။

 

ကန့်သတ်အရေးယူမှုအကြောင်း သိရှိသူ အမေရိကန်အရာရှိနှစ်ဦးထံမှ ကြေငြာချက်ကို တနင်္လာနေ့တွင် ထုတ်ပြန်နိုင်သည်ဟု ဝိုင်ယာသတင်းဝန်ဆောင်မှုလုပ်ငန်းများက သိရှိထားကြသည်။

 

အရာရှိများက တပ်အစုအဖွဲ့ ငါးခုကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ငါးခုအနက် လေးခုမှာ ၎င်းတို့ကို ကျူးလွန်ကြောင်း စွပ်စွဲခဲ့သည့် ချိုးဖောက်မှုများအတွက် အရေးယူခံရမည်ဖြစ်သည်ဟု ပြောသည်။

 

သောကြာနေ့တွင် အမေရိကန်က အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး၏ မဟာမိတ်တစ်ဦးနှင့် အခြေချနေထိုင်သူ အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် အစ္စရေးများကို ငွေကြေးထောက်ပံ့ပေးခဲ့သည့် အစုအဖွဲ့နှစ်ခုကို ကန့်သတ်အရေးယူခဲ့သည်။ အခြေချနေထိုင်သူ ငါးဦး၊ အခွင့်မရှိသည့် အစွန်အဖျားရှိ စခန်းနှစ်ခုတို့ကို ယခုနှစ်အစောပိုင်းက အရေးယူခဲ့ပြီးနောက် ကန့်သတ်အရေးယူမှုအသစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

သောကြာနေ့က ကန့်သတ်အရေးယူမှုသည် ၎င်းပစ်မှတ်ထားအရေးယူခံရသူများ၏ အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်မှုများကို ပိတ်ဆို့သွားမည်ဖြစ်ကာ အမေရိကန်တပ်ဖွဲ့များကိုလည်း ၎င်းတို့နှင့် ဆက်ဆံခြင်းမရှိစေရန် တားမြစ်သွားမည်ဖြစ်သည်။

 

ကိုးကား - Fox News Digital The Associated Press

ပုံစာ - ဇန်နဝါရီလ ရက် ၂၀၂၄ ခုနှစ် တဲလ်အဗစ်မြို့ ကာကွယ်ရေးဝန်ကြီးဌာန အပတ်စဉ် ဝန်ကြီးအစည်းအဝေး၌ စကားပြောနေသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု။ (REUTERS/Ronen Zvulun/Pool/File Photo)

 

Burma Associated Press

အမေရိကန်
အစ္စရေး

Share With
bap-logo