bap-logo
Politics

ထိုင်ဝမ်သမ္မတဟောင်း တရုတ်သို့ ထွက်ခွာ၊ သမ္မတ ရှီနှင့် တွေ့ဆုံဖွယ်ရှိ

4zzWLqYChtoFuB6xqK8Z4-image

လွန်ခဲ့သော ၆ လ က

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ တအုံနွေးနွေး ရှိနေစဉ်မှာပင် ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou သည် တရုတ်နိုင်ငံသို့ ၁၁ ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့တွင် ထွက်ခွာခဲ့ကာ လာမည့်အပတ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းတို့ ဒုတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံမည်ဟု ခန့်မှန်းရသည်။

 

Ma Ying-jeou သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့ကာ တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် ထိုင်ဝမ်ခေါင်းဆောင်ဟောင်း ဖြစ်လာသည်။ တရုတ်သမ္မတနိုင်ငံ အစိုးရသည်မော်စီတုန်း၏ ကွန်မြူနစ်များကို ပြည်တွင်းစစ်အတွင်း ရှုံးနိမ့်ပြီး ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်ပြေးခဲ့သည့်နောက်ပိုင်း တာဝန်ထမ်းဆောင်ဆဲ ထိုင်ဝမ်ခေါင်းဆောင် တစ်ဦးမျှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းမရှိပေ။

 

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းလမ်းဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ထားပြီး ၎င်းအဆိုပြုချက် ခိုင်မာစေရန် စစ်ရေးနှင့် နိုင်ငံရေး ဖိအားများ တိုးမြှင့်နေခဲ့ခြင်းဖြစ်သည်

 

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် Ma နှင့် ရှီတို့ စင်ကာပူတွင် အထင်ကရ ထိပ်သီးတွေ့ဆုံမှုအဖြစ် တွေ့ဆုံခဲ့သည်။

 

Ma နှင့် တရုတ်အစိုးရတို့က ရှီနှင့်တွေ့ဆုံရန် အတည်မပြုကြပေ။ Ma ခရီးစဉ်အကြောင်း သိရှိသူ သတင်းအရင်းအမြစ် သုံးဦးက ဘေဂျင်းတွင် တနင်္လာနေ့၌ တွေ့ဆုံရန် မျှော်လင့်ရကြောင်း Reuters ကို အမည်မဖော်ဘဲ ပြောကြသည်။

 

ဒါက ငြိမ်းချမ်းရေးခရီးစဉ်တစ်ခုသာမက ချစ်ကြည်ရေးခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။” ဟု Ma က တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် Shenzen မြို့သို့ မထွက်ခွာမီ လေဆိပ်တွင် သတင်းထောက်များကို ပြောသည်။

 

Ma က ၎င်းသည် ထိုင်ဝမ်လူထု၏ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမှုနှင့် စစ်ပွဲကို ရှောင်ရှားရန် မျှော်လင့်ချက်တို့ အကြောင်း သတင်းစကားတို့ကို ပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောသည်။

 

တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံး ရှီနှင့် တွေ့ဆုံမှုအကြောင်း မေးမြန်းရာတွင် ၎င်းတို့က Mr. Ma Ying-jeou ကို ချောမွေ့သော ခရီးစဉ်ဖြစ်ပါစေကြောင်း ဆန္ဒရှိသည်ဟုသာ ဖြေကြားခဲ့သည်။

 

Ma ရုံးက ၎င်း Guangdong တွင် ရှိနေစဉ် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သော BYD နှင့် ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းကုမ္ပဏီ Tencent တရုတ်နိုင်ငံ၏ WeChat စာပို့ပလက်ဖောင်းလုပ်ငန်းတို့ဆီသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောသည်။

 

ဇန်နဝါရီလတွင် သမ္မတရွေးကောက်ပွဲ သုံးကြိမ်ဆက် ရှုံးနိမ့်ခဲ့ပြီး ပါတီတွင် တရားဝင်ရာထူးမရှိသော Ma သည် ထိုင်ဝမ်နိုင်ငံ၏ အဓိက အတိုက်အခံပါတီ Kuomintang (KMT) ထိပ်တန်းအဖွဲ့ဝင်အဖြစ် ရှိနေဆဲဖြစ်သည်။

 

KMT သည် တရုတ်နှင့် နီးကပ်သော ဆက်ဆံပူးပေါင်း၊ ဆွေးနွေးပြောဆိုမှုများ ရှိသော်လည်း တရုတ်အစိုးရထောက်ခံသူမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားသည်။

 

လက်ရှိ ထိုင်ဝမ်သမ္မတ Tsai Ing-wen နှင့် သူမ၏ အာဏာရ Democratic Progressive Party တို့သည် တရုတ်နှင့် ပြောဆိုဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း တရုတ်အစိုးရက ၎င်းတို့ကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားများအဖြစ် ရှုမြင်ကာ ငြင်းပယ်ခဲ့သည်။

 

Tsai သည် ထိုင်ဝမ်လူထုကသာ ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်ဟု ပြောသည်။ သူမ၏ အစိုးရသည် တရုတ်အစိုးရ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အရေးဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ထားသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဧပြီလ ၇ ရက် ၂၀၂၃ ခုနှစ် ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou ၎င်း၏ ၁၂ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ပြီးဆုံးပြီးနောက် Taoyuan နိုင်ငံတကာလေဆိပ်၌ မီဒီယာများကို စကားပြောနေစဉ်။ (REUTERS/I-Hwa Cheng/File Photo)

 

ထိုင်ဝမ်
ရှီကျင့်ဖျင်
တရုတ်

Share With
bap-logo