bap-logo
Politics

ဂျပန်နိုင်ငံ ပင်လယ်ပြင်မှ ရုရှားနှင့် တရုတ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးစီး

iaZvx-qzevas9MLnDvqio-image

လွန်ခဲ့သော တစ်နှစ် က

မဟာမိတ်နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှု မြှင့်တင်စေရန်အတွက် ရုရှားနှင့် တရုတ်တို့၏ ဂျပန်နိုင်ငံပင်လယ်ပြင်တွင် ပြုလုပ်သော ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးစီးကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဂျူလိုင် ၂၃) တွင် ကြေငြာခဲ့သည်။ 

 

အမေရိကန်လွှမ်းမိုးမှုကို တန်ပြန်ရန် ဘုံဆန္ဒသဘောထားရှိကြသည့် အင်အားကြီးနိုင်ငံနှစ်ခုသည် တရုတ်က ရှုံ့ချမှု မပြုလုပ်ခဲ့သည့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုပြီးနောက် စစ်ရေးအရ ပိုမိုနီးစပ်လာခဲ့ကြသည်။ 

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခင် ပြောကြားခဲ့သည်မှာ ကြာသပတေးနေ့က စတင်ခဲ့သည့် လေ့ကျင့်မှု၏ အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား ရေတပ်ပူးပေါင်းမှု ခိုင်မာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသအတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန်ဟု ဆိုသည်။ 

 

ရေကြောင်း၊ ကမ်းခြေနဲ့ လေကြောင်းပစ်မှတ်တွေကို ပူးပေါင်းအမြောက်ပစ်ခတ်တာ အပါအဝင် တိုက်ခိုက်ရေးလေ့ကျင့်မှု အခု ၂၀ လောက် လုပ်ဆောင်ခဲ့ပါတယ်။ဟု ရုရှားစစ်တပ်က ပြောကြားသည်။ 

 

ရုရှားရေတပ်မှ ရေငုပ်သင်္ဘောများကို တိုက်ခိုက်သည့် သင်္ဘောနှစ်စင်း၊ corvettes စစ်သင်္ဘောငယ်နှစ်စင်းနှင့် ထောက်ပို့စစ်သင်္ဘောများ ပါဝင်လေ့ကျင့်ခဲ့သည်ဟ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ သိရသည်။ 

 

ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘောတစ်စင်း အပါအဝင် စစ်သင်္ဘော ငါးစင်း စေလွှတ်ခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်က ဘေဂျင်းက ပြောကြားခဲ့သည်။ 

 

ရေတပ်လေယျာဉ်များလည်း ၎င်းလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ 

 

မကြာသေးခင်လများအတွင်း တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏ ပူးပေါင်းမှုကို ခိုင်မာစေရန် လေ့ကျင့်မှုများ စီစဉ်ပြုလုပ်ခဲ့သည်။ 

 

မတ်လက တရုတ်သမ္မတ Xi Jinping ၏ မော်စကို ခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin နှင့် “အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်အတွက်ပုံမှန် ပူးတွဲကင်းလှည့်မှုပြုလုပ်ရန် ၎င်းတို့၏ဆန္ဒကို ဖော်ပြသည့် ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ 

 

ပြီးခဲ့သည့်လက တရုတ်နှင့် ရုရှားတို့သည် ဂျပန်ပင်လယ်ပြင်နှင့် တရုတ်အရှေ့ဘက်ဒေသများတွင် ပူးတွဲ လေကြောင်း ကင်းလှည့်မှုများပြုလုပ်ခဲ့သည့်အတွက် တောင်ကိုးရီးယား ကြိုတင်သတိပြုသည့်အနေဖြင့် တိုက်ခိုက်ရေး ဂျက် လေယာဉ်များ ပျံသန်းနေရာယူခဲ့ရသည်။ ၎င်းမှာ ၂၀၁၉ ခုနှစ်မှ စတင်ရေတွက်လျှင် ခြောက်ကြိမ်မြောက် တရုတ်-ရုရှား ကင်းလှည့်မှု ဖြစ်သည်။ 

 

ကိုးကား - CNA

 

ပုံစာ - ဂျူလိုင်လ ၂၀ ရက် ၂၀၂၃ ခုနှစ်  ရုရှား-တရုတ် ရေတပ်စစ်ရေးလေ့ကျင့်မှုမှ ရုရှားဖျက်သင်္ဘောကို တွေ့ရစဉ်။   (Photo: Russian Defence Ministry/Handout via REUTERS)

 

 Burma Associated Press

ရုရှား
တရုတ်
ဂျပန်
တောင်တရုတ်ပင်လယ်

Share With
bap-logo