Data
မန္တလေးတွင် တစ်လအတွင်း ပြည်သူ ၅၆ ဦး ဖမ်းဆီးခံရ
လွန်ခဲ့သော ၃ နှစ် က
စက်တင်ဘာ ၄။
မန္တလေးမြို့တွင်းမြို့နယ်များတွင် ယခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅၆ ဦး မတရားဖမ်းဆီးခဲ့သည်ဟု မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၇ ဦးပါဝင်နေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံရသူများမှာ ချမ်းအေးသာဇံမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့က ဖြစ်ပြီး အောင်မြေသာဇံမြို့နယ်က အများဆုံးဖမ်းဆီးခံရသည်။
ဒါ့အပြင် စစ်ကောင်စီက သိန်းပေါင်းသောင်းကျော်တန်ဖိုးရှိ နေအိမ် ၄ လုံး ချိတ်ပိတ်ခဲ့သည်ဟုလည်း မန္တလေးသပိတ်အင်အားစုက ဆိုသည်။
ပုံစာ- ယမန်နှစ်က ထောင် ၁၀ နှစ်ဖမ်းဆီးချမှတ်ခံရသည့် မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုး
ဓာတ်ပုံ- မန္တလေးသပိတ်အင်အားစု
Burma Associated Press
မန္တလေး
အရပ်သား
စစ်တပ်
Related Articles
Top News
စစ်မီးထဲက နိုးထဖို့ ရုန်းကန်နေရတဲ့ “မြို့”
လွန်ခဲ့သော တစ်ရက် က
Articles
Share With