Politics
MAI ၏ နိုင်ငံခြားဘဏ်စာရင်းများကို စင်ကာပူအခြေစိုက် UOB ဘဏ်က ပိတ်သိမ်းမှုကို ထောက်ခံ ကြိုဆိုဟု မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ထုတ်ပြန်
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၁၁။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း - MAI ၏ နိုင်ငံခြားဘဏ် စာရင်းများကို စင်ကာပူအခြေစိုက် UOB ဘဏ်က ပိတ်သိမ်းမည့်အပေါ် ထောက်ခံကြိုဆိုသည်ဟု မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သည်။
စင်ကာပူအခြေစိုက်ဘဏ် United Oversea Bank-UOB က မြန်မာ စစ်ကောင်စီနှင့် ပတ်သတ်သည့် Myanmar Airways International – MAI လေကြောင်းလိုင်းကို ယခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ကာ UOB ကို အသုံးပြု ငွေပေးချေမှုများ ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ဟု ဆိုထားသည်။
ထို့အပြင် ဘဏ်ရှိ MAI ၏ ဘဏ်စာရင်များကို သြဂုတ်လ ၁၅ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ငွေ အားလုံးကို ငွေလွှဲထုတ်ပေးမည်ဖြစ်သည်။
ထိုသို့ UOB ၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကြိုဆိုထောက်ခံသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အရပ်သားများကို ထိခိုက်ဒဏ်ရာရစေမည့် လက်နက်များသာမက နှစ်မျိုးသုံး ပစ္စည်းများကို သတ်မှတ်ပြီး နိုင်ငံတွင်း ကုမ္ပဏီများကို မူဝါဒနှင့်အညီ အကောင်းဆုံး ကြပ်မတ်ပေးသည့် စင်ကာပူအစိုးရကိုလည်း ကျေးဇူးတင် သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Related Articles
- တပ်ကထွက်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျပ်သိန်းရာချီအကုန်ခံပြီး ကျန်းမာရေး စစ်ဆေးချက် တွေ ပြုလုပ်နေ
- မြန်မာအစိုးရပိုင် ဘဏ်များအပေါ် အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်
- မြန်မာစစ်အာဏာပိုင်တို့၏ လူသားချင်းစာနာမှုအကူအညီ ကန့်သတ်ခြင်းများမှာ စစ်ရာဇဝတ်မှုမြောက်နိုင်ဟု ကုလပြော
- ဆန္ဒပြသပိတ်ပြုလုပ်သူတွေကို YBS လိုင်းကားပေါ်တွေထိ စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ