bap-logo
Politics

ဆန္ဒပြသပိတ်ပြုလုပ်သူတွေကို YBS လိုင်းကား‌‌ပေါ်တွေထိ စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ

Xsg_pOOrDdGarFKICsFGg-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၈။

 

ရန်ကုန်မြို့ အများပြည်သူအသုံးပြုနေတဲ့ YBS လိုင်းကားပေါ်တွေထိ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသပိတ်ပြုလုပ်တဲ့သူတွေကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

 

" YBS 56 လိုင်းကားပေါ်မှာ မနေ့ကကြုံလိုက်ရတာ၊ မှတ်တိုင်မဟုတ်တဲ့နေရာမှာတားပြီး ကားပေါ်ထိ တက်ပြီး လူရှာတယ်၊ ကားအောက်မှာ မော်တော်ပီကယ်ရော စစ်သားရော ရဲရော အရပ်ဝတ်အဖွဲ့တွေရော အုပ်စုလိုက် တားပြီး စစ်ကြတာ"လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဇူလိုင် ရက်မှာ ရန်ကုန်‌တော်လှန်လူငယ်‌တွေက ရန်ကုန်မြို့တွင်း ဆန္ဒပြသပိတ် ဆင်နွှဲနေကြပုံတွေ လူမူကွန်ယက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် စစ်တပ်က ဘတ်စ်ကားတွေပေါ်ထိ လိုက်လံရှာဖွေမူတွေ နေရာအနှံ့ ပြုလုပ်နေတာလို့ သိရပါတယ်။

 

အခုနောက်ပိုင်းမှာ ဆန္ဒပြသပိတ်ပြုလုပ်တဲ့ လူငယ်တွေဟာ အများသုံးဘတ်စ်ကားတွေပေါ် စီးနင်း လိုက်ပါလာတယ်လို့ ယူဆရတာကြောင့် အခုလို YBS ကားပေါ်တွေထိ လိုက်လံရှာဖွေနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့က ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့က အများသုံးဘတ်စ်ကားပေါ်တွေထိ ရှာဖွေမူတွေ ပြုလုပ်နေတာကြောင့် ဘတ်စ်ကား စီးတဲ့ပြည်သူတွေ ထိတ်လန့်နေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

 

"တော်လှန်ရေးအင်အားစုတွေကို ပြောချင်တာက ကိုယ်တက်မဲ့ကားရဲ့နံပါတ်တွေကို သေချာကြည့်ပါ၊ cctv တွေ တပ်ထားတာမျိုး လူရှင်းနေတာမျိုးဆို ကားပေါ်တက်လာရင် သိသာနေတယ်၊ အချို့ကလေး တွေဆို ဆန္ဒပြတဲ့ စာရွက်တွေကိုင်ပြီး တက်လာတာမျိုး မြင်တွေ့ဖူးတော့ သတိထားစေချင်တယ်"လို့ ရန်ကုန်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

 

Burma Associated Press

ရန်ကုန်
စစ်ကောင်စီ
အဖမ်းခံရ

Share With
bap-logo