bap-logo
Politics

တပ်ကထွက်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျပ်သိန်းရာချီအကုန်ခံပြီး ကျန်းမာရေး စစ်ဆေးချက် တွေ ပြုလုပ်နေ

8C-zln-TW_QK1Yfcy9huw-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၉။

 

တပ်ကထွက်ချင်တဲ့ စစ်ကောင်စီတပ်တွေ ကျပ်သိန်းရာချီအကုန်ခံပြီး ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်နေ တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

 

လက်ရှိအချိန်မှာ စစ်တပ်ဆီကထွက်ခွာချင်သူတွေဟာ အသည်းရောင်စီပိုး၊ ဘီပိုးနဲ့ နာတာရှည်ကုရမယ့် ရောဂါ စစ်ဆေးချက်တွေကို တပ်တွင်းကတပ်ရင်းမှူးတွေနဲ့ ညှိပြီးဆေးစစ်ချက်ပြုလုပ် အကုန်ကျခံမှသာ ထွက်ခွာခွင့် ရှိနေတယ်လို့ တပ်မိသားစုဝင်တစ်ဦးက အသိပေးပြောကြားပါတယ်။

 

"ကျမရဲ့ ဝမ်းကွဲအစ်ကိုတစ်ဦးက မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ စစ်တပ်ထဲက အထိုင်နေရတဲ့ နေရာတစ်ခုမှာ ရှိနေတယ်။ သူကမလုပ်ချင်လို့ အရင်နှစ်ကလဲ အိမ်ကိုပြေးလာဖူးတယ်။ ဘယ်လိုမှထွက်မရခဲ့ဘူး။ တပ်ပြေး ဖြစ်ပြီး ဖမ်းဆီးခံရမှာစိုးလို့ ကျန်းမာရေးအကြောင်းပြချက်ကြောင့် အိမ်ပြန်လာရတာဆိုပြီး အထက်လူကြီးကို သိန်း ၃၀ ပေးလိုက်ရတယ်လို့ သူက ပြောပါတယ်။

 

အပြီးထွက်ချင်ရင် စီပိုးရှိတယ်ဆိုတဲ့ စစ်ဆေးချက်လုပ်ပြီးထွက်လို့ရတယ်လို့ မိသားစုကို ဆက်သွယ်လာတယ် သိန်း ၁၀၀ ကျော် ကုန်ခံနိုင်ရင် ထွက်ခွင့်ရနိုင်တယ်ဆိုပြီး ပြောလာတယ်။ အိမ်ခြံတွေ ရောင်းပြီး ပေးရမလား စဥ်းစားနေကြတယ်"လို့ လည်း ဆက်ပြောပါတယ်။

 

လက်ရှိစစ်တပ်မိသားစုဝင်တွေ ခရီးသွားခွင့်ကန့်သတ်ခံထားရပြီး ပြင်ပမှာရှိနေတဲ့ မိသားစုဝင်တွေဆီ ပစ္စည်းပို့ ခဲ့ရင်လည်း အထပ်ထပ် စစ်ဆေးပြီးမှသာ ပို့ခွင့်ရနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

 

လက်ရှိအချိန် စစ်တပ်တွင်းမှာလဲ အရာရှိအချို့က တပ်ဖွဲ့ဝင်တွေမထွက်အောင်ပြင်ပကလူတွေက စစ်တပ် အသိုင်းဝိုင်းကို မယုံကြည်မူတွေ တိုးပွားနေတယ်။ စစ်တပ် မိသားစုတွေကိုလက်မခံကြဘူးဆိုပြီး သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ စစ်တပ်အသိုင်းဝိုင်းက သိရပါတယ်။

 

အာဏာသိမ်းပြီးနောက် စစ်သားနဲ့ရဲ ၁၃,၀၀၀ (တစ်သောင်းသုံးထောင်ကျော်) ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ ယခုနှစ် မေလအတွင်း ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ စာတမ်းမှာ ဖော်ပြထားပါတယ်။

 

Burma Associated Press

အာဏာသိမ်း
စစ်တပ်
စစ်သားများ

Share With
bap-logo