bap-logo
Politics

အိုးဘိုထောင်ဝန်ထမ်းတွေ ဝိုင်းရိုက်လို့ နိုင်ကျဉ်းတစ်ဦးသေဆုံးခဲ့ရ

f1H-n786lhiJ6Ba3Hmgbn-image

လွန်ခဲ့သော ၃ လ က

ဇွန် ၂၆။

 

မန္တလေးတိုင်း၊ မန္တလေးမြို့ အိုးဘိုဗဟိုအကျဉ်းထောင်တွင်းမှာ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတဦးကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNMဆီကသိရပါတယ်။

 

ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဥ်းသားဟာ ပုဒ်မ-၅၂(က)နဲ့ စစ်ကိုင်းတရားရုံးကနေအလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ချမှတ်ပြစ်ဒဏ်ကျခံနေရတဲ့ အသက် ၂၃ နှစ်‌အရွယ် နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်()ကိုထက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကြောင့် ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာတွေ၊ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီးနောက် ယခု ဇွန်လ ၂၁ ရက်မှာ သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တဦးကပြောပါတယ်။

 

"ဖြစ်စဥ်အမှန်ကို ကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ သေဆုံးတယ်ဆိုတာကိုမိသားစုကို တရားဝင် အကြောင်းကြားတာမျိုး မရှိပါဘူး၊ မိသားစုတွေက စစ်ကိုင်းဖက်ကလို့ သိရှိရပါတယ်၊ တချို့ထောင်ထဲက ဖြစ်စဥ်တွေကို မိသားစုတွေက အဖွဲ့အစည်းတွေထုတ်ပြန်မှ သိရှိရတာမျိုးလဲရှိတယ်"လို့ သူကပြောပါတယ်။

 

ကိုထက်ရန်နိုင်ဟာ ဇွန်လ ၂၀ ရက် မနက်ပိုင်းအချိန်က အိုးဘိုအကျဥ်းထောင်၊ အမျိုးသားအိပ်ဆောင် () မှာ အခန်းစာရေးအဖြစ် လုပ်ကိုင်နေတဲ့အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတာကို တွေ့ရှိတာကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေကို တိုင်တန်းရန်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီအခြေနေတွေကို အခန်းသူကြီးတန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ခဲ့ပေမယ့် အခန်းစာရေးအကျဉ်းသားက မကျေနှပ်ဘဲ အဆောင်()ရဲ့ ဒုအဆောင်မှူးကို မဟုတ်မမှန် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ အဆောင်မူးက ဖြစ်စဥ်ကို သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်ရာကနေ ကိုထက်ရန်န်ုင်က မိမိတွင်အပြစ်မရှိလို့ ပြန်လည်ပြောဆိုခဲ့တဲ့အတွက် အကျဥ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်တယ်ဆိုပြီး ၎င်းကို ဒေါက်ခြေကျင်းခတ် အပြစ်ပေးရန်အတွက် main jail ကို ပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။

 

ထောင်ပိုင်လေးဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ်၊ တပ်သား၊ အကျဥ်းသားအပါဝင် အခြားအကျဉ်း ထောင် ဝန်ထမ်းတွေက ဝါးဆစ်ပိတ်တုတ်တွေ၊ သံတုတ်တွေ၊ ကျဉ်စက်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တဦးကပြောပါတယ်။

 

"အကျဥ်းထောင်တွေမှာ ဥပဒေမဲ့ရိုက်နှက်ခြင်းခံနေရတဲ့အချိန်မှာ သူတို့ရဲ့အော်ဟစ်ငိုကြွေးသံကို ကမ္ဘာကြီးကရော မြန်မာပြည်သူတွေကပါ ကြားသိခဲ့ခြင်းမရှိပါဘူး၊ သည်ဖြစ်စဥ်မှာ ထောင်တွင်းက အသံတွေကို လူ့အခွင့်ရေးအဖွဲ့တွေကနားထောင်ဖို့လိုနေပြီ" လို့ သူက ပြောပါတယ်။

 

အကျဉ်းထောင်တာဝန်ခံတွေဟာ ကိုထက်ရန်နိုင်()ကိုထက် အသက်ငွေ့ငွေ့သာ ကျန်တော့တဲ့အချိန် နေ့လယ် နာရီကျော်‌ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးကိုလွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဆေးရုံရောက်ပြီးမကြာမီမှာ ကျဆုံးခဲ့ရတာလို့ သိရပါတယ်။

 

ဓာတ်ပုံ- PPNM

 

Burma Associated Press

မန္တလေး
အိုးဘိုအကျဉ်းထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo