Politics
ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်စွဲချက်များသာဟု ဗြိတိသျှသံရုံးပြော
လွန်ခဲ့သော ၈ လ က
ဇွန် ၁၉။
ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်စွဲချက်များသာဟု မြန်မာရှိ ဗြိတိသျှသံရုံးက ယနေ့ ပြောလာသည်။
NLD ဥက္ကဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၉) နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးရာတွင် ထိုသို့ပြောလာခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့ ရှုတ်ချပြီး၊ သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်” ဟုလည်း တောင်းဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ဂျာမနီသံရုံးဖေ့ဘွတ်ခ်စာမျက်နှာတွင်လည်း နှင်းဆီပန်းအနီးရောင်ပန်ထားသည့် ပုံဖြင့် မွေးနေ့ဆုတောင်းထားသည်။
ဓာတ်ပုံ- UK in Myanmar
ဒေါ်အောင်ဆန်းစုကြည်
Related Articles
- စစ်ရေးတင်းမာနေတဲ့ လားရှိုးမှာ ဖုန်းအတွင်း VPN တွေ့ပါက ခြိမ်းခြောက်ငွေတောင်းမှုများရှိနေ
- ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်
- ဆီဆိုင်မြို့ ထမ်းယံတိုင်ရွာမှာ စစ်တပ်နဲ့ PNLA တိုက်ပွဲဖြစ်
- နေရပ်ပြန် ဆီဆိုင်ဒေသခံတွေ လူတစ်ဦးကို စစ်မှုထမ်းစားရိတ် တလ ၁ သိန်းနဲ့ လေးနှစ်အထိပေးရဖို့ရှိနေ
Top News
စစ်မှုထမ်းဆင့်ခေါ်စာကြောင့် အလုပ်ထွက်ကြတဲ့ လူငယ်တွေရှိလာ
လွန်ခဲ့သော ၁၁ နာရီ က
ပင်တဂွန်ထက် ဆယ်ဆ ကြီးမားသည့် စစ်ဌာနချုပ် တရုတ်တည်ဆောက်နေ
လွန်ခဲ့သော ၅ ရက် က
Articles
Share With