bap-logo
Politics

မျိုးနွယ်စုများအကြား တစ်နှစ်ကြာ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မနီပူရ်ပြည်နယ်တွင် မိုဒီ၏ BJP ပါတီ အရေးနိမ့်

eAlmIoUCG9vXhrxjR-p3w-image

လွန်ခဲ့သော ၃ လ က


ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ အာဏာရပါတီနှင့် ၎င်း၏ မဟာမိတ်များ မဲပေးရွေးချယ် မခံရသည့်အတွက် အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ Congress ပါတီသည် ပဋိပက္ခဒဏ်သင့် အရှေ့မြောက် မနီပူရ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် နှစ်နေရာလုံး ရရှိခဲ့သည်။

 

အလှမ်းဝေးသည့် ပြည်နယ်ဖြစ်သော မြန်မာနယ်စပ် မနီပူရ်ပြည်နယ်တွင် ပြီးခဲ့သည့် မေလက စတင်ကာ လူများစု မေထေးများနှင့် ကူကီး-ဇို မျိုးနွယ်စုများကြား တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၂၀ သေဆုံးခဲ့ကာ ၆၀,၀၀၀ မှာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

 

လူဦးရေ . သန်းရှိသည့် ပြည်နယ်သည် မေထေးများ ထိန်းချုပ်သော ချိုင့်ဝှမ်းဒေသနှင့် ကူကီများ လွှမ်းမိုးထားသည့် တောင်တန်းဒေသများအဖြစ် နယ်မြေနှစ်ခု ခွဲခြားထားသည်။ ၎င်းနယ်မြေနှစ်ခုကို ကြားခံနယ်မြေတစ်ခုက ပိုင်းခြားထားပြီး ဖက်ဒရယ်အရံတပ်ဖွဲ့များက စောင့်ကြပ်ထားသည်။

 

ရွေးကောက်ပွဲကာလတွင် နှစ်ဘက်လုံးရှိ ဘေးဒဏ်သင့် တိုင်းရင်းသားများက ၎င်းပြည်နယ်တွင် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သည့် မိုဒီနှင့် ၎င်း၏ Bharatiya Janata Party ကို ကျေနပ်မှုမရှိကြောင်း ပြသခဲ့သည်။

 

ဒါက အမိမြေကို ချစ်တဲ့ လူထု၊ ပြီးခဲ့တဲ့ နှစ်အတွင်း ဒုက္ခခံစားရမှု၊ ဝမ်းနည်းကြေကွဲမှုတွေစတဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရမှုတွေကို ကျေနပ်မှု မရှိတဲ့ လူထုရဲ့ အသံပါပဲ။ဟု မေထေးများ လွှမ်းမိုးထားသည့် မနီပူရ်ပြည်နယ် အတွင်းပိုင်းတွင် မဲ ၁၁၀၀၀၀ ရရှိပြီး ပြိုင်ဘက် BJP ကို ဖြတ်ကျော် နေရာရရှိခဲ့သည့် Congress ပါတီမှ A Bimol Akoijam က ပြောသည်။

 

မနီပူရ် အစွန်ဘက် တောင်တန်းဒေသများတွင် ကူကီး-ဇိုနှင့် နာဂ မျိုးနွယ်စုများ အများစု လွှမ်းမိုးထားသည်။ ၎င်းဒေသတွင် Congress မှ Alfred Kanngam S Arthur က မဲအရေအတွက် ၈၅,၀၀၀ ကျော် ရရှိကာ ပြိုင်ဘက် BJP ပါတီ၏ မဟာမိတ် ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့သည်။

 

မိုဒီသည် အာဏာရညွန့်ပေါင်းအဖွဲ့၏ ခေါင်းဆောင်အဖြစ် ဆက်လက် တည်မြဲနေမည်ဖြစ်သော်လည်း ၎င်း၏ ဟိန္ဒူအမျိုးသားရေးပါတီသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် နေရာအများစု ဆုံးရှုံးခဲ့သည်။ ၎င်းပါတီက နောက်ထပ် သောင်ပြိုကမ်းပြို အနိုင်ရရှိမည်ဟု ခန့်မှန်းထားသော်လည်း မဲပေးသူတို့က ဆန့်ကျင်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ်တွင် မနီပူရ်ပြည်နယ်၌ BJP ပါတီ၏ မဟာမိတ်တို့က လွှတ်တော် နှစ်နေရာလုံးကို အနိုင်ရရှိခဲ့ကာ မိုဒီ၏ BJP ပါတီကလည်း ၎င်းပြည်နယ်ကို အုပ်ချုပ်ခဲ့သည်။

 

ပုံမှန်အချိန်ဆိုရင် ကျွန်တော်တို့ နိုင်မှာပါ။ စိတ်ခံစားချက်နဲ့ သဘောထားခံယူမှုတွေက ပြင်းထန် မြင့်မားနေကြပါသေးတယ်။ ခံစားချက် တင်းမာမှုတွေ မြင့်တက်နေတယ်။ ဒါတွေကြောင့်ပဲ BJP ကို ဆန့်ကျင်တဲ့ မဲတွေ ပေးကြတာပေါ့။" ဟု BJP ပါတီမှ မနီပူရ်ပြည်နယ် ပြောခွင့်ရ Elangbam Jhonson Singh က ပြောသည်။ အကြမ်းဖက်မှုများကို ထိန်းချုပ်ရာတွင်လည်း "အတားအဆီးများစွာရှိနေကြောင်း ၎င်းက ပြောသည်။

 

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီအခြေအနေမှာ အကြာကြီး နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ပြောင်းလဲရမယ်။ ဒါမှသာ ကျွန်တော်တို့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ နောက်ထပ်ခြေလှမ်းက အဲဒီဘက်ကို ဦးတည်ရပါမယ်။

 

မနီပူရ်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့များ၏ ဖိအားပေး အမိန့်ထုတ်မှုများကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှု အငွေ့အသက်တစ်ခုက မဲမပေးခင်အချိန်ထိ ပျံ့နှံ့နေသည်။ မဲဆွယ်စည်းရုံးမှုများကို တံခါးပိတ်ကာ အခန်းတွင်း ပြုလုပ်ကြရသည်။ မဲပေးခြင်းကို အဆင့်နှစ်ခု ခွဲ၍ ပြုလုပ်ကာ အကြမ်းဖက်မှုများလည်း ကြိုကြား ဖြစ်ပေါ်ခဲ့သည်။

 

မဲရလဒ်က "ဆန်းစစ်ခြင်းနှင့် သုံးသပ်ခြင်း ပြုလုပ်ရန် အချိန်ကောင်းဖြစ်သည်၊ ဖက်ဒရယ်အစိုးရအနေဖြင့် "အရေးတယူပြုရန်" အချိန်ဖြစ်သည်ဟု ဖော်ပြနေကြကြောင်း BJP အခြားသော အကြီးတန်းခေါင်းဆောင် တစ်ဦးက ပြောသည်။ ၎င်းတွင် မီဒီယာကို စကားပြောခွင့် မရှိသည့်အတွက် အမည် မဖော်ပြရန် တောင်းဆိုခဲ့သည်။

 

အပေါ်ကနေ အောက်အထိ ပါတီက လူတိုင်းမှာ ရှုံးနိမ့်ရတဲ့အတွက် တာဝန်ရှိပါတယ်။ဟု ၎င်းက ပြောသည်။

 

ကိုးကား - Reuters

ပုံစာ -ဧပြီလ ၁၈ ရက် ၂၀၂၄ ခုနှစ် အိန္ဒိယနိုင်ငံ မနီပူရ်ပြည်နယ် Churachandpur ခရိုင်ရှိ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းမှုအခမ်းအနားသို့ တက်ရောက်လာကြသော နေရပ် ပြောင်းရွှေ့ ခဲ့ရသူ ကူကီတိုင်းရင်းသားများ။ (REUTERS/Joseph Campbell/File Photo)

 

I Burma Associated Press

အိန္ဒိယ
နာရန်ဒရာ မိုဒီ
Bharatiya Janata Party

Share With
bap-logo