bap-logo
Politics

ထိုင်းဝန်ကြီးချုပ်ကို ဖယ်ရှားရန် ထိုင်းလွှတ်တော်အမတ် လေးဆယ် တောင်းဆို

5rG2HvfeQh8-wjM2v3azm-image

လွန်ခဲ့သော ၄ လ က

 

ထိုင်းဝန်ကြီးချုပ် Srettha Thavisin အစိုးရအဖွဲ့ အပြောင်းအလဲပြုမှုသည် အခြေခံဥပဒေကို ချိုးဖောက်ရာရောက်သည်ဆိုကာ ထိုင်းယာယီအိမ်စောင့် အထက်လွှတ်တော်အမတ် လေးဆယ်က ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

 

ပြီးခဲ့သည့်လက အစိုးရအဖွဲ့အပြောင်းအလဲ ပြုလုပ်စဉ် ယခင်က ရှေ့နေတစ်ဦးဖြစ်သူ Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ် အထက်လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ကြသည်။

 

Pichit သည် ၂၀၀၈ ခုနှစ်တွင် တရားရုံးအရာရှိများကို ကုန်စုံပစ္စည်းထည့်သည့် စက္ကူအိတ်အတွင်း ထည့်ထားသော ဘတ် သန်း (ဒေါ်လာ ၅၅,၂၁၈)ဖြင့် လာဘ်ထိုးရန် ကြိုးပမ်းကြောင်း စွပ်စွဲခံရပြီးနောက် ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ထောင် ခြောက်လ ကျခံခဲ့ရသည်။ ထိုအဖြစ်အပျက်အပြီး ထိုင်းနိုင်ငံ ရှေ့နေကောင်စီက ၎င်း၏ ရှေ့နေလိုင်စင်ကို ငါးနှစ် ဆိုင်းငံ့ထားခဲ့သည်။

 

လွှတ်တော်အမတ်များက တရားရုံးမှ Pichit အနေဖြင့် အခြေခံဥပဒေလိုအပ်ချက်နှင့်အညီ တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများ ရှိ မရှိ၊ Srettha က ၎င်း ခန့်အပ်မှုပြုခြင်းဖြင့် ဥပဒေ ချိုးဖောက်ရာ ရောက် မရောက် ဆုံးဖြတ်စေလိုကြောင်း တောင်းဆိုခဲ့သည်ဟု ပြောသည်။

 

“Pichit က ဝန်ကြီးတစ်ဦးဖြစ်ဖို့ အရည်အချင်း မပြည့်မီတာတောင် ဝန်ကြီးချုပ်က သူ့ကို ရာထူးအတွက် အဆိုပြုခဲ့ပါတယ်။ဟု လွှတ်တော်အမတ် Derekrid Janekrongtham က Reuters ကို ပြောသည်။

 

ဒါကြောင့် ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်က ကျင့်ဝတ်စံနှုန်းတွေကိုလည်း ချိုးဖောက်ရာ ရောက်နိုင်ပါတယ်။ဟု ၎င်းက ပြောသည်။

 

အစိုးရကို ဝေဖန်သူများက Pichit ကို အစိုးရအဖွဲ့အတွင်း ခန့်အပ်ရခြင်းမှာ ၎င်း၏ အမှုသည်တစ်ဦးဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အနီးကပ်ရင်းနှီးမှုကြောင့်ဖြစ်ကြောင်း ပြောကြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာမှ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ကာ အစိုးရအပေါ်တွင် နိုင်ငံရေးအရ လွှမ်းမိုးမှု အထိုက်အလျောက် ရှိနေဆဲ ဖြစ်သည်။

 

အစိုးရပြောခွင့်ရ Chai Wachronke က လွှတ်တော်အမတ်များ၏ စွပ်စွဲချက်ကို ပယ်ချလိုက်ပြီး အစိုးရက Pichit အရည်အချင်းပြည့်မီမှုအပေါ် ဂရုတစိုက် စစ်ဆေးခဲ့ကြောင်း ပြောသည်။

 

ကျွန်တော်တို့ရဲ့ ဥပဒေရေးရာအဖွဲ့က ခန့်အပ်မှုကို တရားဥပဒေနဲ့ အညီဖြစ်စေဖို့ အခိုင်အမာ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းပြည့်မီမှုနဲ့ပတ်သတ်လို့ ပြဿနာ မရှိပါဘူး။” Chai က Reuters ကို ပြောသည်။

 

ယခုလအစောပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ဂျူလိုင်လအတွင် အသစ်ရွေးချယ်မှု မပြုလုပ်မီ ယာယီအိမ်စောင့်အဖြစ် ဆက်လက်တာဝန်ယူထားသော အထက်လွှတ်တော်အမတ် ၄၀ သည် စစ်တပ်မှ အဆိုပြုသော အထက်လွှတ်တော်မှ ခန့်အပ်ခံရသူများတွင် အပါအဝင်ဖြစ်သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံ၏ အခြေခံဥပဒေကို စစ်တပ်က ပြောင်းလဲခဲ့သည်။

 

ပြီးခဲ့သည့်နှစ်ကလည်း ပြုပြင်ပြောင်းလဲရေးလှုပ်ရှားသည့် Move Forwared ပါတီကို အစိုးရမဖွဲ့နိုင်စေရန် ၎င်းအမတ်များကပင် စစ်တပ်နောက်ခံပြုထားသည့် ပါတီများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

 

( ဒေါ်လာ = ၃၆.၂၂၀၀ ဘတ်)

ကိုးကား - Reuters

ပုံစာ - မေလ ရက် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပသော “‌Microsoft Build: AI Day” အခမ်းအနားတွင် အမှာစကားပြောနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin (REUTERS/Chalinee Thirasupa/File Photo)

 

Burma Associated Press

ထိုင်း
ဝန်ကြီးချုပ်
Srettha Thavisin

Share With
bap-logo