bap-logo
International

ဂျပန်ဝန်ကြီးချုပ် ယူကရိန်းကိုလာနေချိန် ရုရှားက ဂျပန်ပင်လယ်တွင် ဗုံးကြဲလေယာဉ်ပျံသန်းပြ

_cFE17Jach72DXOGH59dA-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၁

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခိရှိဒ ယူကရိန်းသို့ ထွက်ခွာပြီးနောက်ရုရှားဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်း ဂျပန် ပင်လယ်ပေါ်တွင် ခုနှစ်နာရီကျော်ကြာအောင် ပျံသန်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြသည်။

 

ရုရှားသည် ၎င်းတို့၏ နျူလက်နက်သယ်ဆောင်နိုင်စွမ်းရှိသည့် Tupolev Tu-95MS လေယာဉ်များသည် အင်အားပြသသည့်အနေဖြင့် အာတိတ်၊ မြောက်အတ္တလန္တိတ်နှင့် ပစိဖိတ်ဒေသရှိ နိုင်ငံတကာ ရေပိုင်နက်များ ပေါ်တွင် ပုံမှန်ပျံသန်းလေ့ရှိသည်။

 

ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေသည့် ယူကရိန်းဘက်မှ စည်းလုံးမှုပြသည့်အနေဖြင့် သွားရောက်သည့် ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်အတွင်း ရုရှားက ဗုံးကြဲလေယာဉ်ပျံသန်းမှုသည် ပုံမှန်ထက် အကဲဆတ်သည့် လုပ်ရပ် တစ်ခု ဖြစ်သည်။

 

ရုရှားက ၎င်းတို့အနေဖြင့် ဗုံးကြဲလေယဉ်များကို တိုက်လေယာဉ်များလိုက်ပါ၍ စီစဉ်ထားသည့်အတိုင်း နိုင်ငံတကာ ဥပဒေနှင့်အညီ ပျံသန်းခဲ့ကြောင်း‌ ကာကွယ်‌ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်ဖေ‌ဖော်ဝါရီလက ရုရှားဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်အများအပြား အလာစကာပြည်နယ်အနီး နိုင်ငံတကာရေပိုင်နက်အပေါ်တွင် ပျံသန်းနေမှုကြောင့် ကြားဖြတ်ဟန့်တားရန် မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ စေလွှတ်ခဲ့ရသည်။

 

ဒုတိယကမ္ဘာစစ်ကတည်းကမြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရုရှားနှင့် ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားလျှက် ရှိနေသည့် ဂျပန်နိုင်ငံသည် တစ်ဖက်တွင် အမေရိကန်ပြည်ထောင်စု၏ အဓိက အာရှမဟာမိတ်နိုင်ငံဖြစ်သလို ဒီမိုကရေစီထွန်းကားပြီး စီးပွားအင်အားတောင့်သည့် G7 အဖွဲ့ဝင်လည်းဖြစ်သည့်အပြင် အနောက်နိုင်ငံများ နည်းတူ ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားကို ပြစ်ဒဏ်ချမှတ်ရာတွင် ပါဝင်ထားသည်။

 

တစ်ဖက်တွင် ဂျပန်ဝန်ကြီးချုပ် ခိရှိဒ၏ ကိဗ်ယက်ခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင်းပင်၏ မော်စကို ခရီးစဉ် နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေသည်။

 

Source/ပုံ – NikkeiAsia/CNA

Burma Associated Press

ရုရှား
ယူကရိန်း
ဂျပန်

Share With
bap-logo