bap-logo
International

ပိုလန်က ယူကရိန်းသို့ ရက်ပိုင်းအတွင်း တိုက်လေယာဉ် လေးစင်း ပေးပို့မည်

86XQJk7il_hodvO_B0QzT-image

လွန်ခဲ့သော ၂ နှစ် က

ဝါဆော - မတ် ၁၆


 
ရုရှားကျူးကျော်စစ်အတွင်း အခြားသောအနောက်နိုင်ငံများက ယူကရိန်းအတွက် ဝေဟင်ပစ် လက်နက်ပေးပို့ရန် ချီတုန်ချတုန်ဖြစ်နေချိန် ပိုလန်က ‌လာမည့်ရက်အနည်းငယ်အတွင်း MiG-29 တိုက်လေယာဉ် လေးစင်း ပေးပို့သွားမည်ဖြစ်ကြောင်း သမ္မတဒူဒါက ပြောကြားလိုက်သည်။


 
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမည်မဖော်လိုသော ညွန့်ပေါင်းနိုင်ငံများအဖွဲ့တစ်ခုကလည်း ယူကရိန်း အတွက် ဆိုဗီယက်ဒီဇိုင်းထုတ် MiG-29 တိုက်လေယာဉ်များ ပေးပို့ရန် ဆန္ဒရှိနေကြောင်း ပိုလန်အစိုးရ ယခု သတင်းပတ် အတွင်း ပြောကြားထားသလို ဝါဆောအစိုးရအနေဖြင့် ၎င်းတို့အပိုင် တိုက်လေယာဉ်များကို လေးပတ်မှ ခြောက်ပတ်အတွင်း ပေးပို့သွားမည်ဟု ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ PAP က ဖော်ပြသည်။ ထို့အပြင် ပိုလန် အမျိုးသားလုံခြုံရေးဗျူရိုမှ တာဝန်ရှိသူ တစ်ဦးကလည်း တစ်ပတ်အတွင်း လေယာဉ် ၄-၅ စီး ပေးပို့ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။


 
"
ကျွန်တော်တို့နိုင်ငံလုံခြုံရေး ထိခိုက်လာမှာမဟုတ်ဘူး။ ရုရှားတပ်တွေ ကျွန်တော်တို့နယ်စပ်ကို ရောက်မလာ အောင် ကျွန်တော်တို့ အမြဲတမ်းလုပ်ဆောင်နေမှာပါ" ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Piotr Muller က ယနေ့ပြောဆိုခဲ့သည်။


 
တိုက်လေယာဉ်ပေးပို့မည့်အစီအစဉ်မှာ ‌ဆောင်းရာသီအတွင်း ရုရှားတပ်ဖွဲ့များ ဝင်ရောက်ခြေကုပ်ယူခဲ့သည့် တပ်စခန်းများ ‌နွေဦးတိုက်စစ်ဖွင့်ရန် ပြင်ဆင်နေသည့် ယူကရိန်းအတွက် ပိုလန်နှင့် ဥရောပနိုင်ငံတို့က ဆက်လက် ထောက်ခံနေကြောင်း ပြသလိုက်ခြင်းဖြစ်သည်။


 
ယူကရိန်းလေယာဉ်မှူးများမှာ ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း ဘက်စုံသုံး MiG-29 တိုက်လေယာဉ်များကို မောင်းနှင်ဖူးသော်လည်း ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးမှ ဝေဟင်စွမ်းပကားအသာစီးယူ တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိသေးပါ။


 
ကျူးကျော်စစ်အစပိုင်းကတည်းက တောင်းဆိုထားသည့် လေယာဉ်များရောက်ရှိလာပါ ယူကရိန်းစစ်တပ် အတွက် အရေးပေါ် တိုက်လေယာဉ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တော့မည်ဖြစ်သည်။


 
ထို့အပြင် အိမ်နီးချင်းပိုလန်သည် ယူကရိန်းအတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များကိုပါ ပေးအပ်ဖို့ စဉ်းစားနေကြောင်းလည်း ပိုလန်ဝန်ကြီးချုပ်က ယခုသတင်းပတ် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


 
တိုက်လေယာဉ်များပေးပို့မည့်အစီအစဉ်ကြောင့် ရုရှားသမ္မတ ပူတင်က သတိပေးနေသည့်ကြားမှ ဥရောပ နိုင်ငံများသည် ယူကရိန်းပဋိပက္ခတွင် ပိုမိုပါဝင်လာမည့် အနေအထားတွေ့မြင်ရသည်။


 
 
Source – WSJ/SkyNews


 
ပုံ - MIG-29 တိုက်လေယာဉ်

 

Burma Associated Press

 

ပိုလန်
ယူကရိန်း
ရုရှား
ကျူးကျော်

Share With
bap-logo