bap-logo
International

ခရိုင်းမီးယားပေါက်ကွဲမှုအတွင်း ရုရှားခရုဇ်ဒုံးကျည်များ ပျက်စီး

xSQTTvqI5lgGj4F4BKAg1-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၁ 

ရုရှားသိမ်းယူထားသည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဂျန်ကွိုင်မြို့အနီး ပေါက်ကွဲမှုတစ်ခုအတွင်း ပင်လယ်နက်ရေယာဉ်စုမှ ပစ်လွှတ်ရန်ရည်ရွယ်ထားသည့် ရုရှားခရုဇ်ဒုံးကျည်များ ပျက်စီးသွားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ 

 

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ယူကရိန်းဝန်ကြီးဌာနက ၎င်းတို့၏တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခြင်းမရှိခဲ့သော်လည်း တရားဝင်အတည်ပြုချက်ထွက်ပေါ်လာပါက အဆိုပါပေါက်ကွဲမှုမှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားတို့ မတရား သိမ်းယူထားသည့် ခရိုင်းမီးယားဗဟိုတွင် ရှားရှားပါးပါး တိုက်ခိုက်မှုကြီးတစ်ခု ဖြစ်လာနိုင်သည်။ ဂျန်ကွိုင်မြို့အနီးတွင် ရုရှားလေတပ်စခန်းတစ်ခုရှိနေပြီး မြို့နှင့်အနီးဝန်းကျင်ဒေသတစ်ခုလုံးကို ခရိုင်းမီးယားရှိ ရုရှား၏ အကြီးမားဆုံး စစ်စခန်းအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။ 

 

ရုရှားခန့် ခရိုင်းမီးယားအုပ်ချုပ်ရေးမှူး ဆာဂျီအက်ဆင်နော့ဗ်က- ဂျန်ကွိုင်မြို့အနီး ယောယာဉ်ပစ်ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း ဒုံးကျည်အပိုင်းအစများကြောင့် လူ တစ်ဦး ဒဏ်ရရပြီး အိမ်တစ်လုံးနှင့် စတိုင်းဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ပြောကြားခဲ့သည်။ 

 

ယူကရိန်း ပင်မထောက်လှမ်းရေးဌာနကမူ - ဂျန်ကွိုင်မြို့အနီးပေါက်ကွဲမှုအတွင်း ရုရှားစစ်တပ်က ရထားဖြင့် သယ်ဆောင်လာသည့် ရုရှား Kalibr-KN ဒုံးကျည်များ ပျက်စီးသွားကြောင်း၊ အဆိုပါဒုံးကျည်များမှာ ကုန်းပေါ်တွင် ကီလိုမီတာ ၂၅၀၀၊ ပင်လယ်ပြင်တွင် ၃၇၅ ကီလိုမီတာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ 

 

ယူကရိန်းက တနင်္လာနေ့ည တိုက်ခိုက်မှုမှာ ၎င်းတို့လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်မပြောသေးသည့်တိုင် ကိဗ်ယက် တပ်ဖွဲ့များအနေဖြင့် ခရိုင်းမီးယားထိ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်။  

 

ယခင်ကလည်း ယူကရိန်းသည် ရုရှား- ခရိုင်းမီးယားဆက် တံတား၊ ဆာကီလေယာဉ်လေယဉ်ကွင်း နှင့် ဆီဗာစတိုပိုရှိ ရေတပ်ဌာနချုပ် အဆောက်အဦတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ယူဆရသည်။ 

 

Source/ပုံ – The Telegraph/The Guardian  

Burma Associated Press

ရုရှား

Share With
bap-logo