bap-logo
International

ဘိုင်ဒင်အစိုးရက ရုရှားနိုင်ငံသားများကို တိတ်တဆိတ် နေရပ်ပြန်ပို့နေ

xdaJHkv1TfCHIDw6WQO0G-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၈

ရုရှားကျူးကျော်စစ် တစ်နှစ်ကျော်ကြာပြီးနောက် သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ရပ်တည်ချက် ပြောင်းလဲကာ အမေရိကန်သို့ဝင်ရောက်ခိုလှုံလာသည့် ရုရှားနိုင်ငံသားများကို တိတ်တဆိတ် နေရပ်ပြန်ပို့နေပြီဖြစ်ကြောင်း သိရသည်။

 

သမ္မတပူတင်၏ စစ်မှုမထမ်းဆင့်ခေါ်မှုကို ရှောင်တိမ်းလာသည့် ရုရှားလူငယ်တစ်ဦး ပြီးခဲ့သည့် သီတင်းပတ် အကုန်က နေရပ်ပြန်ပို့ခံရမှုသည် ရွှေ့ပြောင်းဝင်ရောက်လာသူများအရေး ကူညီလုပ်ဆောင်ပေးနေသည့်ရှေ့နေ များကို အံ့အားသင့်စေခဲ့သည်။

 

ရုရှားကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း အမေရိကန်ဆီ ခိုလှုံရန်ရောက်ရှိလာသည့် ရုရှားနိုင်ငံသား အများအပြား ရှိနေပြီး ယခုအခါ အမေရိကန်အစိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် ထောင်ဒဏ် သို့မဟုတ် နေရပ်ပြန်ပို့ခံရ မည်ကို စိုးရိမ်လျှက်ရှိသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး (Ice) က လူဝင်မှုကြီးကြပ်ရေးဥပဒေကို သက်သက်ညှာညှာ၊ ထိထိရောက်ရောက်၊ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်လျှက် ရှိသည်။

 

ရုရှားနိုင်ငံသားများအပါအဝင် နိုင်ငံသားမဟုတ်သူများကို လိုအပ်ချက်အရ ပုဂ္ဂလိကလေကြောင်း၊ စင်းလုံးငှား လေယာဉ်များဖြင့် လမ်းညွှန်ချက်များနှင့်အညီ ဖယ်ရှားလျှက်ရှိသည်ဟု ဖက်ဒရယ်အေဂျင်စီက ယခု သီတင်းပတ် တွင် ပြောကြားခဲ့သည်။

 

ရုရှားက ယူကရိန်းကိုဝင်ရောက်ကျူးကျော်ပြီးနောက် ဘိုင်ဒင်အစိုးရသည် ရုရှား၊ ယူကရိန်းအပါအဝင် ဥရောပ င်ငံအများအပြားသို့ နေရပ်ပြန်ပို့ရေးလေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းခဲ့သည်။ ယခု နေရပ်ပြန်ပို့သည့် အစီစဉ်ကို မည်သည့်အချိန်တွင် စတင်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

 

ရုရှားမှရွှေ့ပြောင်းလာသူများက သမ္မတဘိုင်ဒင်၏ ရပ်တည်ချက်ကြောင့် ၎င်းတို့အနေဖြင့် အမေရိကန်တွင် ခိုလှုံခွင့် ရမည်၊နေရပ်ပြန်ပို့ခြင်းကင်းလွတ်မည်ဟု ဆကာ အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ အမေရိကန်အစိုးရ မူဝါဒမှာ ပြောင်းလဲသွားဟန်ရှိပြီး ရွှေ့ပြောင်းသူများအနာဂတ် မရေမရာဖြစ်ခဲ့ရသည်။

 

Source – The Guardian

ပုံ - မက္ကဆီကိုနယ်စပ်မှတဆင့်ဝင်ရောက်လာသည့် ခိုလှုံခွင့်တောင်းခံသည့် ရုရှားနိုင်ငံသားများ။

Burma Associated Press

 

အမေရိကန်
ဂျိုးဘိုင်ဒန်
ရုရှား

Share With
bap-logo