Politics
စစ်ကောင်စီလက်ထက်မှာ မဘသနဲ့ ပျူစောထီးဆိုသူ လူမိုက်တွေ ပေါ်ပေါ်ထင်ထင် ရမ်းကားလာနေ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၃၀။
အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မြို့ကလူငယ်တွေကို အကြောင်းမျိုးစုံနဲ့ မတရားဖမ်းဆီးငွေညစ်မှုတွေ ဆက်တိုက်လုပ်နေပေမယ့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)အဖွဲ့တွေနဲ့ ပျူစောထီး အဖွဲ့ဝင် လူမိုက်တွေကို ပေါ်ပေါ်ထင်ထင် ရမ်းကားခွင့်ပေးထားတယ်လို့ ရန်ကုန်မြို့ခံ တွေက ပြောပါတယ်။
"စစ်တပ်နဲ့ပိုင်တယ်ပေါ့၊ ဘယ်သူမှမပြောရဲဘူး၊ ညတိုင်းသောင်းကျန်းကြတာ၊ရပ်ကွက်တိုင်းမှာ လက်သပ် မွေးထားတဲ့ ပျူစောထီးတွေ၊ မဘသတွေရှိ နေတယ်၊ သူတို့ပဲလမ်းမပေါ် လူစုပြီး နေရဲကြတာ" လို့ သာကေတ မြို့နယ်မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက ပြောပါတယ်။
ရန်ကုန်မြို့လူငယ်တွေဟာ ည ၉ နာရီ ကျော်ရင်လမ်းမထွက်ရဲကတော့တဲ့ အခြေအနေတခုထိရင်ဆိုင်နေရပေမယ့် လူမိုက်တွေကတော့ ညတစ်နာရီထိ ရပ်ကွက်ထဲဆောင်းဘောက်ဖွင့်ကတာ၊ လူစုပြီး အရက်ဘီယာ သောက်စား တာ၊ ရပ်ကွက်နေသူအချို့ကို ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ပြည်သူအချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူငယ်အမျိုးသားအဆောင်တွေ အများအပြားရှိတဲ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း အနီးမှာ နေ့စဥ်လူငယ်တွေရဲ့ဖုန်း၊ကျောပိုးအိတ် တွေစစ်တာ၊ အဆောင်တွေကိုဝင်ရှာတာ တွေပြုလုပ်နေချိန် အရပ်ဝတ်တွေ တခါတလေပါဝင်လာတာတွေ့ရတယ်လို့ လူငယ်အချို့က ပြောပါတယ်။
"ဟိုရက်က လှည်းတန်းဘူတာနားက ပတ္တမြားလမ်းထိပ်မှာ စစ်ကားတွေနဲ့ လာစစ်ဆေးတယ်၊ အလုပ်သွား ဖို့ထွက်လာတဲ့လူငယ်တဦးဖမ်းသွားတယ်၊ ငွေနဲ့သွားရွေးရတာရှိတယ်၊ မဘသလား၊ ပျူစောထီလား မသိ အဲဒီလိုလူ တွေကျ တော့ လမ်းထဲလုပ်ချင်တာလုပ်တာစစ်တပ်နဲ့ရင်းနှီးသူတွေမို့ မဖမ်းဘူး"လို့ လှည်းတန်းအနီး နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ကမာရွတ်မြို့နယ်တွင် လှည်းတန်းဘူတာ၊ အင်းစိန်လမ်းမ၊ မူးယစ်ဆေးဝါးပြတိုက်၊ ခရိုင်စည်ပင်ရုံးတို့ အနီးတို့မှာ လူငယ်တွေကို အများဆုံး စစ်ဆေးနေကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့က မြို့နယ်အချို့မှာ မသသအဖွဲ့တွေအပြင် ရပ်ကွက်ချုပ်ရေး အဖွဲ့ တွေက စစ်ကောင်စီလက်ပါးစေ လူတွေရမ်းကားမူပြုလုပ်ပါခွင့်ပြုပေးထားပြီး၊ ပြည်သူတွေကိုကိုနည်းမျိုးစုံနဲ့ဖိနှိပ်ကာ စစ်တပ်ကို မမှန်သတင်း ပေးနေတယ်လို့ ပြည်သူအချို့ကပြောပါတယ်။
သာကေတမြို့နယ် ၈ ရပ်ကွက်က မဘသအဖွဲ့ဝင်တွေဟာ စစ်တပ်နဲ့ပိုင်တယ် ဆိုပြီး၊ ရမ်းကားချင်တိုင်း ရမ်းကားနေတယ်လို့ ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။
"ရပ်ကွက်ထဲက ကလေးတွေကို ဘီယာ တိုက်ပြီး ကခိုင်းတာ၊ လမ်းမပေါ် ပျော်ပါးခိုင်းတာ၊ ကြိုက်သလောက်ပျော် တာ၀န်ယူတယ်တဲ့၊ ညတိုင်းနီးပါး၊ နားမခံနိုက်တော့လောက်အောင် သောင်းကျန်းတာ၊ ကထိန်ရှိလို့မဟုတ်ဘူး၊ ရမ်းကားချင်တိုင်း ရမ်းကားနေတာ"လို့ သာကေတမြို့နယ် ၈ ရပ်ကွက် နေသူတဦးက ပြောပါတယ်။
"စစ်တပ်နဲ့ပိုင်တယ်ပေါ့၊ ဘယ်သူမှမပြောရဲဘူး၊ ညတိုင်း သောင်းကျန်း ကြတာ၊ ရပ်ကွက်တိုင်းမှာ လက်သပ် မွေးထားတဲ့ ပျူစောထီးတွေ၊ မဘသတွေ ရှိနေတယ်၊ သူတို့ပဲလမ်းမပေါ် လူစုပြီး နေရဲကြတာ"
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကရန်ကုန်ရှိ ရပ်ကွက်အချို့မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ရပ်ကွက်လူမိုက်များနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားပြီး လက်နက်တွေ တပ်ဆင်ပေးထား တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒဂုံမြို့သစ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်စတဲ့ ရပ်ကွက်တွေက လမ်းမတွေမှာ ဖြတ်သန်းသွားတဲ့ အိမ်စီးကားတွေ စစ်ဆေးငွေတောင်းတဲ့ချိန် ပျူစောထီးအဖွဲ့၊ မဘသအဖွဲ့ဝင်အချို့လက်နက်ကိုင်ထားပြီး ပါဝင်နေ တာကို တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့နေသူအချို့ကပြောပါတယ်။
“ တောင်မြောက်လမ်းဆုံဖက်၊ ကားနဲ့ဖြတ်တဲ့အချိန် လူငယ်ကောင်လေး တယောက်ကိုမေးမြန်းတယ်၊ ဖုန်းယူ ကြည့်တယ်၊ ဘာမှမတွေ့တာတောင် တစ်သောင်းပေးဆိုပြီးတောင်းတယ်၊ လက်နက်လား ဓားလားမသိ အနောက်က လွယ်ထားတယ်၊ အဲ့ကောင်တွေက ညဘက်ဆိုလည်း စစ်ကောင်စီတပ်သား မပါတာတောင် လမ်းသွားလမ်းလာတွေကို ငွေညှစ်တောင်းပါတယ်၊ ဆိုင်ကယ်တွေနဲ့လဲပတ်နေကြတာ” လို့ တောင်ဒဂုံမြို့နယ် နေသူတဦးက ပြောပါတယ်။
မဘသအဖွဲ့ဝင်အချို့ဟာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်အတွင်း ဧည့်စာရင်း စစ်ဆေး ရာမှာပါဝင်တာတွေ၊ ဆိုင်ကယ်ဖမ်းဆီးတာ၊ မြို့ပြပျောက်ကျားအဖွဲ့တွေ၊ တော်လှန်ရေးလူငယ်တွေကို ဖမ်းဆီးဖို့ သတင်းအချက်အလက်ပေးတာတွေပါ လုပ်ဆောင်နေတယ်လို့ ရွှေပြည်သာမြို့နယ်နေသူ ပြည်သူအချို့က အသိပေးပြောပါတယ်။
"ရွှေပြည်သာမှာဘက်လဲ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေဖမ်းတယ်၊ စစ်တပ်က ဖမ်းပြီးသူတို့ယူစီးတာရော၊ သိမ်းသွားတာရော အများကြီးပဲ၊ ငွေနဲ့ရွေးခိုင်းတာ လဲရှိတယ်၊ ပျူစောထီး၊ မဘသကကောင်တွေက သူတို့နဲ့ အဆင်မပြေတဲ့ အိမ်ဆို ဆိုင်ကယ်ကိုအိမ်ထဲထိ ဝင်ဖမ်းတာ၊ သူတို့လူတွေကျတော့မဖမ်းဘူး၊ လုပ်ချင်တာလုပ်ခွင့် ပေးထားတယ်" လို့ ရွှေပြည်သာမြို့မှာ ဘေးတွဲဆိုင်ကယ် မောင်းသူတဦးက ပြောပါတယ်။
“စဥ်းစားကြည့်လေပုံမှန်လူတွေမထွက်ရဲဘူး၊ ပေါ်တာဆွဲမလား၊ ငွေတောင်း ခံရမလား၊ မမှန်သတင်းပေး တိုင်ကြားခံရမလား၊ စိုးရိမ်နေချိန်သူတို့က ရမ်းကားချင်သလို ရမ်းကားနေတာ အထိန်းအကွပ်မရှိဘူး၊ ဘာတွေလဲ ဆိုတာ ပြည်သူကသိနေတယ်"လို့ တာမွေမြို့နယ်နေသူတဦးက ပြောပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကာလကစပြီး ယခုနှစ် နိုဝင်ဘာ ၂၉ ရက် အထိ မတရား ဖမ်းဆီးခံခဲ့ရတဲ့သူ ၂၅,၄၇၄ ဦး ရှိပြီး ၊သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်းက ၄,၂၀၄ ဦး ရှိခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
ပုံစာ - ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအားရန်ရှာနေနေသည့် စစ်ကောင်စီလက်ပါးစေ လူမိုက်နှင့် မျိုးချစ်အမည်ခံများ။
Related Articles
- မြန်မာ့အရေး တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားတွင် အစည်းအဝေး ပြုလုပ်
- အိမ်တွင်းမှုလုပ်ငန်းငယ်တွေ အခွန်မဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီ အကြောင်းကြားနေ
- ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို အကြောင်းမျိုးစုံနဲ့ ငွေညှစ်နေ
- လုံခြုံရေးတင်းမာမှုများ မြင့်တက်နေစဉ် တရုတ် ရေတပ်သင်္ဘောများ မြန်မာသို့ လာရောက်
- လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို တရားစွဲမည်
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က