bap-logo
Politics

ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို အကြောင်းမျိုးစုံနဲ့ ငွေညှစ်နေ

n4v1sa_okL-WneXgDkP9e-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ၂၂။

 

ရန်ကုန်မြို့ရဲ့ ညပိုင်းအချိန်မှာ လူငယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ BAP က သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့တွေ တောင်းတဲ့ငွေကို မပေးပါက မသင်္ကာလို့ ဖမ်းဆီး တာဆိုပြီး ရပ်ကွက်ရုံးပို့တာ၊ ရဲစခန်း ပို့တာတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခံနေရကြောင်း လှိုင်သာယာမြို့နယ် နေထိုင်သူအချို့က အသိပေးပြော ကြပါတယ်။

 

"ယောင်္ကျားလေးလူငယ်တွေကို အဓိကထား ခြိမ်းခြောက်ငွေတောင်းတာ၊ တစ်ယောက် သိန်းနဲ့ တချို့က သိန်း ပေးရတယ်၊ မပေးနိုင်ရင် ရဲစခန်း လိုက်ရမယ်တဲ့၊ နာရီ မထိုးသေးဘူး၊ မသင်္ကာလို့ ဆိုပြီး ဖမ်းတာ" လို့ လှိုင်သာယာမြို့နယ် နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့မှာ ဧည့်စာရင်းမတိုင်တာကိုတွေ့ရင် မိန်းကလေးဆို ဒဏ်ငွေ ကျပ် သိန်း၊ ယောင်္ကျားလေးဆိုရင် ၁၀ သိန်းထိ စစ်ကောင်စီတပ်တွေကို ပေးရမယ် ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးတာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့နယ် နေသူအချို့ဆီက သိရပါတယ်။

 

"ဟိုဘက် ရပ်ကွက်မှာတော့ ပေးလိုက်ရတယ်ဆိုပြီး၊ လမ်းဆယ်အိမ်မှူးက သတိလာပေးတယ်၊ အိမ်မှာ ဧည့်သည်ရှိလား၊ ဧည့်စာရင်း ရက်ကျော်မယ်ဆိုပြီး လာပြောတယ်၊ ကြောက်လို့ တိုင်ကြရတာ"လို့ သာကေတ မြို့နယ် နေသူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေဟာ ဒီတစ်ပတ်အတွင်း ညတိုင်းနီးပါး ဧည့်စာရင်း စစ်နေပြီး ဖမ်းခံရတဲ့nသူတွေရှိနေလို့ ရပ်ကွက်နေသူတွေကို သတိပေးတာတွေ ပြုလုပ်နေတာလို့ လမ်းဆယ်အိမ်မှူး အချို့ဆီက သိရပါတယ်။

 

ရန်ကုန်မြို့က မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ က ပြည်သူတွေကို အကြောင်းမရှိဖမ်းဆီးပြီး ငွေတောင်းယူမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

မြို့နယ်အလိုက် လမ်းတွေမှာ ဆယ်အိမ်မှူးဆိုသူတွေနဲ့ ရပ်ကွက်က ဒလန်တွေဟာ လမ်းအတွင်း နေအိမ်တွေရဲ့ အဝင်အထွက်ကို သေချာစောင့်ကြည့်ပြီး ငွေညစ်ကြတာလို့ တာမွေမြို့နေသူတစ်ဦးက ပြောပါတယ်။

 

"ဧည့်စာရင်းစစ်တယ်ဆိုတာ အကြောင်းရှာတာ၊ အဓိက လူလိုချင်တာထက် ငွေလိုချင်ကြတာ၊ ငွေရရင် သူတို့ ပေါင်းစားကြတာကိုး၊ ဘယ်အိမ်မှာ လူ အဝင်အထွက်တွေ ရှိနေတယ်၊ ဧည့်စာရင်းတိုင်ထားတာ မရှိဘူးဆိုပြီး သူတို့က ငွေတောင်းကြတာ၊ အနည်းဆုံးက တစ်သိန်းအထက်ပဲ"လို့ သူကပြောပါတယ်။

 

ဧည့်စာရင်းတိုင်ချိန် သတ်မှတ်ရက်ထက်ကျော်ရင် ဒဏ်ငွေဆောင်ရတာ၊ ဧည့်စာရင်း မတိုင်ထားပါက ငွေသိန်းနဲ့ချီ တောင်းခံနေတယ်လို့ သာကေတ မြိုနယ်နေသူအချို့ဆီက သိရပါတယ်။

 

လက်ရှိ ရန်ကုန်မြို့မှာ ၁၂ နာရီကနေ မနက် နာရီအထိ ညမထွက်ဖို့ တားမြစ်ထားတာ ရှိပေမယ့် နာရီ မတိုင်ခင်ကတည်းက လမ်းပေါ်က လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြုလုပ်လာကြတယ်လို့ ရန်ကုန်မြို့နေသူ လူငယ်အချို့ကပြောပါတယ်။

 

နိုဝင်ဘာ ၁၄ ရက် နာရီချိန်ကလည်း ကမာရွတ်မြို့နယ်၊ အမှတ်() ရပ်ကွက်ရှိ အိမ်ယာအချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဧည့်စာရင်းဝင်စစ်ကာ အမျိုးသား ဦးကို ကားပေါ်တင် ဖမ်းခေါ်သွားတယ်လို့ ရပ်ကွက်နေသူ အချို့ဆီက သိရပါတယ်။

 

"စစ်တယ်၊ ဖုန်းကအစ ယူစစ်နေတော့ ဘယ်လိုမှ မလုံခြုံတော့လို့ အပြင်ထွက်ရင် ပရိုဖိုင်းကအစ ပြန်ချိန်း ထားရတယ်၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ဘာပိုစ့်မှ မတင်ရဲကြဘူး ခုဆို ကျော်ပိုးအိတ်တောင် မလွယ်ရဲကြတော့ဘူး၊ အဆောင်မှာလည်း နာရီ မထိုးခင် အမှီပြန်လာခိုင်းတယ်"လို့ ကမာရွတ်မြို့ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့၊ ကမာရွတ်မြို့မှာ စစ်ကောင်စီတပ်တွေက အိမ်စီးကား အသုံးပြုကာ အရပ်ဝတ်နဲ့ လမ်းအတွင်းရှိ အမျိုးသားများကို အဓိကစစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။

 

Burma Associated Press

ရန်ကုန်
လူငယ်
စစ်ကောင်စီ

Share With
bap-logo