Politics
နောင်ချို ၆၀၆ ဒုံးတပ်မှအတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၁၁။
နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော အမတ (၆၀၆) တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုံးတပ်မှအတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်လာသည်။
“မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိသော လေယာဉ်ပစ် စက်သေနတ်အကြီးများနှင့်ပက် သက်၍လည်း လေ့ကျင့်ပြင်ဆင်ပြီးဖြစ်သည်” ဟု ဆိုသည်။
TNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယခုအခါ နောင်ချိုမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီလုံးဝကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ဟုလည်း ကြေညာသည်။
နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နှင့် အမတ(၆၀၆) တပ်စခန်းများကို TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနှင့် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် တိုက်တွန်းထားသည်။လက်နက်မချသော တပ်စခန်းများကို မိမိပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဟုလည်း အသိပေးထားသည်။
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
Burma Associated Press
Related Articles
- စမ်းချောင်းမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဆေးရုံများတွင် လူနာပြည့်နေ
- တရုတ်ပြောသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်
- မြန်မာသို့ တရုတ်ဆီတင်သင်္ဘော၊ ဗီယက်နမ်ကုမ္ပဏီများမှတဆင့် ဂျက်လေယာဉ်ဆီ ဆက်လက်တင်သွင်းနေဆဲ
Top News
လွန်ခဲ့သော ၂ နာရီ က
လွန်ခဲ့သော ၄ ရက် က