Politics
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဆေးရုံများတွင် လူနာပြည့်နေ
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၆။
ရန်ကုန်မြို့ကမြို့နယ်အချို့မှာ ဝမ်းရောဂါဖြစ်တာများနေသလို ဆေးရုံတွေမှာ ခုတင်လွတ်မရှိပဲ ကုသပေးနေရတဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ ဆေးရုံရောက်ခဲ့သူအချို့က ပြောပါတယ်။
"ရန်ကုန်ဆေးရုံကြီးမှာ ခုတင်လွတ်မရှိတော့လို့ ခုံတွေမှာထားပြီးကုနေရတဲ့အခြေအနေ၊ အသက်ငယ်တဲ့ ကလေး တွေနဲ့ လူကြီးပိုင်းတွေမနေ့က ဆေးရုံလာတာတွေ့ရတယ်၊ ဒေါပုံ၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင် မြို့နယ်တွေက လူမူကူညီရေးအသင်းကားတွေနဲ့ လာပို့ကြတာတွေ့ရတယ်၊ အရေးပါ်ကားတွေနဲ့ လာပို့ကြတာ မြင်တယ်"လို့ ရန်ကုန်ဆေးရုံကြီးအနီး ဈေးရောင်းသူတဦးက ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမူတွေများလာတာကြောင့် ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာလည်း လမ်းဘေးစားသောက်ဆိုင်အချို့ တပတ်ကြာပိတ်ထားဖို့ ရပ်ကွက်တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ သိရပါတယ်။
လာမဲ့ ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားဖို့နဲ့ လက်သုပ်စုံဆိုင်နဲ့ စားသောက်ဆိုင်တွေ ပိတ်ထားဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတာရှိသလို၊ လမ်းတာဝန်ရှိသူတွေက ဆိုင်တွေကို လိုက်လံအသိပေးတာလည်း လုပ်နေ တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
သာကေတမြို့နယ် နေထိုင်သူတစ်ဦးက ''လမ်းဘေးအစားအသောက်ဆိုင်တွေကို အဓိက ပြောတာပါ၊ တပတ်ပိတ်ဖို့ပြောတယ်၊ မနေ့ကထူပါရုံရပ်ကွက်မှာ ဝမ်းပျက်ဝမ်းလျောဖြစ်သူတွေများလို့ ဆေးရုံပို့လိုက်ရတာ ရပ်ကွက်တိုင်း လိုလိုဖြစ်နေကြတယ်"လို့ပြောပါတယ်။
ယင်ကောင်နားနိုင်တဲ့ လမ်းဘေးစားသောက်ဆိုင်တွေဖြစ်တဲ့ မုန့်ဟင်းခါးဆိုင်၊ အသုပ်စုံဆိုင်၊ အကင်ဆိုင်၊ တုတ်ထိုးဆိုင်တွေကို တပတ်ပိတ်ထားဖို့ အသိပေးနေတာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
လက်ရှိအချိန် ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုများနေတာကြောင့် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။
သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူတွေများနေလို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်တာဝန်ခံတွေ လာရောက်စစ်ဆေးသွားတယ်လို့သိရပါတယ်။
Burma Associated Press
Related Articles
- PNO ပြည်သူ့စစ်က အမျိုးသားတစ်ဦးကို လူမြင်ကွင်းမှာ ပစ်သတ်ခဲ့
- ပြင်သစ်၊ ဗြိတိန်နှင့် အခြားနိုင်ငံများကို မြန်မာ လူမျိုးတုန်းသတ်ဖြတ်မှု ကြားဝင်ဆောင်ရွက်ရန် ICJ ခွင့်ပြု
- ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး
- စစ်မှုထမ်းဆင့်ခေါ်ထားသူတွေ သင်တန်းမပြီးခင် တိုက်ပွဲမှာ အသုံးပြုခံနေရ
Top News
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော ၄ ရက် က