Politics
စမ်းချောင်းမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၆။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမူးတဦးကို ဒီနေ့ ဇူလိုင်လ ၆ ရက် နေ့လယ်ပိုင်း လက်ဖက်ရည်သောက်နေချိန်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ခင်စိုး (ခေါ်) စိုးစိုးဟာ ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ပြုလုပ်ကာတော်လှန်ရေးကို ပုံစံအမျိုးမျိုးနဲ့ဖျက်ဆီး နှောက်ယှက်နေသူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Freeland Attack Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးသင်တန်းဆင်းတစ်ယောက်ဖြစ်ပြီးတော်လှန်ရေးရဲဘော်တွေရဲ့သတင်းတွေကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပေးနေသူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီ အမာခံတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဥပဒေအတွက် မြို့နယ်အတွင်း ဦးဆောင် လှုပ်ရှားပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သတ်တဲ့စွပ်စွဲချက်တွေကို BAP အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ဓါတ်ပုံ-လူမှုကွန်ရက်
Related Articles
- PNO ပြည်သူ့စစ်က အမျိုးသားတစ်ဦးကို လူမြင်ကွင်းမှာ ပစ်သတ်ခဲ့
- ပြင်သစ်၊ ဗြိတိန်နှင့် အခြားနိုင်ငံများကို မြန်မာ လူမျိုးတုန်းသတ်ဖြတ်မှု ကြားဝင်ဆောင်ရွက်ရန် ICJ ခွင့်ပြု
- ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဆေးရုံများတွင် လူနာပြည့်နေ
- ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး
Top News
လွန်ခဲ့သော ၂ နာရီ က
လွန်ခဲ့သော ၄ ရက် က