Politics
တရုတ်ပြောသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၉။
တရုတ်သံအမတ်ကတောင်းဆိုသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီက ရုံးပိတ်ရက် အဖြစ် လာမည့်နှစ်မှ စတင်ကာ သတ်မှတ်ပေးခဲ့သည်။
လာမည့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ် အများပြည်သူအလုပ်ပိတ်ရက်များတွင် တရုတ်နှစ်သစ်ကူးနေ့ ပထမဆုံးအကြိမ်ပါဝင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင်ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနေ့အခမ်းအနားတွင် တရုတ်သံအမတ် Mr. Chen Hai က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
လာမည့်နှစ် ဇန်နဝါရီလ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်အတူ တရုတ်နှစ်သစ်ကူးနေ့ကိုပါ အလုပ် ပိတ်ရက် သတ်မှတ်လိုက်သည့်အကြောင်း စစ်ကောင်စီက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးကို ပြက္ခဒိန်တွင်ထည့်သွင်းကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသည့် အပေါ် တရုတ်သံရုံးကလည်း ကြိုဆိုခဲ့သည်။
ဓာတ်ပုံ- တရုတ်သံရုံးစာမျက်နှာ
Burma Associated Press
Related Articles
- စမ်းချောင်းမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဆေးရုံများတွင် လူနာပြည့်နေ
- ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး
- မြန်မာသို့ တရုတ်ဆီတင်သင်္ဘော၊ ဗီယက်နမ်ကုမ္ပဏီများမှတဆင့် ဂျက်လေယာဉ်ဆီ ဆက်လက်တင်သွင်းနေဆဲ
Top News
လွန်ခဲ့သော ၂ နာရီ က
လွန်ခဲ့သော ၄ ရက် က