bap-logo
Politics

မဟာသီယာက မလေးရှားဝန်ကြီးချုပ် အန်နဝါကို "အာဏာရှင်" ဟု စွပ်စွဲ

QL1kH9gmxB5c7UjrF8xAT-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၀

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ၎င်းတို့၏ မလေးလူမျိုးလိုလားသော စုဝေးပွဲ ဖျက်သိမ်းခံရပြီးနောက် ၀န်ကြီးချုပ်အန်ဝါအီဘရာဟင်အား အာဏာရှင်ဟု စွပ်စွဲပြောဆိုလိုက်သည်။

 

မလေးလူမျိုး သွေးစည်းညီညွတ်ရေးစုရုံးပွဲ ဖျက်သိမ်းခံရမှုနောက်ကွယ်တွင် အန်နဝါ‌ ရှိမရှိ သက်သေပြစရာ အ‌‌ထောက်အထား မရှိသည့်တိုင် လက်ရှိဝန်ကြီးချုပ်မှာ အတိုက်အခံများနှင့် ဝေဖန်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ယခင်ထက်ပို သည်းခံမှုနည်းပါးလာနေကြောင်း ပြောဆိုခဲ့သည်။

 

"ကျွန်တော့်ကိုဆန့်ကျင်တဲ့ သူ့ရဲ့ပြောပုံဆိုပုံကိုကြည့်မယ်ဆိုရင် အမှန်တရားဖော်ချင်တဲ့ ပါးစပ်ပေါက်တွေကို ပိတ်ဖို့ကြိုးစားတဲ့ ဒီပွဲဖျက်မှုနောက်ကွယ်မှာ သူရှိနေတယ်ဆိုတာ သေချာတယ်" ဟု ဒေါက်တာမဟာသီယာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

"အာဏာရှင်တွေကပဲ အစိုးရကို ဝေဖန်ခွင့်မပြုကြတာပါ။"

 

Petronas အမွှာမျောင်စင်အနီးရှိ ဟိုတယ်တစ်ခုအပါအဝင် ကျင်းပမည့်နေရာအများအပြားက ကြိုတင်စာရင်း ပေးထားမှုကို ဖျက်သိမ်းပြီးနောက် မလေးပြည်သူ့ကြွေးကြော်သံအတွင်းဝန်ရုံးက တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ပွဲကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

 

ဒေါက်တာမဟာသီယာတက်ရောက်ရန် စီစဉ်ထားသည့် အဆိုပါလူထုစုရုံးပွဲသို့လူ ၂,၀၀၀ ခန့် တက်ရောက်ရန် မျှော်မှန်းထားခဲ့ကြောင်းသိရသည်။

 

"‌အစိုးရက မလေးလူမျိုးတွေ စုရုံးခွင့်မရအောင် ပိတ်ပင်တဲ့အထိ ဘာကိုကြောက်နေမှန်း ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ ပွဲကျင်းပဖို့ နေရာလေးနေရာ ပြောင်းပြီးကြိုးစားတာတောင် ခွင့်မပြုဘူး။ ဆိုလိုတာက ဒီစုရုံးပွဲဟာ လူမျိုးရေးခွဲခြားတဲ့စုရုံးပွဲပေါ့။ တကယ်တမ်း လူမျိုးတစ်စုကို ပိတ်ပင်လိုက်ရင် ဒါဟာ လူမျိုးရေးခွဲခြားတာပဲ။ တကယ်တမ်းလူမျိုးရေးခွဲခြားနေတာ အစိုးရပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ထိုအ့ပြင် မလေးရှားပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကာလအတွင်း အန်နဝါထောက်ခံသူများမှာ "ကြမ်းတမ်း သော" ဆန္ဒပြပွဲများပင် ပြုလုပ်ခဲ့ကြပြီး တနင်္ဂနွေနေ့ကျင်းပရန် စီစဉ်ထားသည့်စုရုံးပွဲမှာ ရန်လိုသည့်စုရုံးပွဲ မဟုတ်ကြောင်း ဆိုသည်။

 

"သတင်းစာတွေ ဆင်ဆာအဖြတ်ခံနေရတယ်။ အစိုးရမကောင်းကြောင်း တစ်ခုတလေမှ ပုံနှိပ်ထုတ်ဝေခွင့် မရှိဘူး" ဟု မဟာသီယာက စွပ်စွဲထားသည်။

 

ဝန်ကြီးချုပ် မစ္စတာအန်နဝါကမူအာဏာဆုံးရှုံးပြီး ကြံမိကြံရာစွပ်လုပ်တတ်သည့် ခေါင်းဆောင်တချို့မှာ အကဲဆတ်သည့် ကိစ္စတွေကို ကြိုးကိုင်ရန်နေကြောင်း မည်သူမည်ဝါမဖော်ပြပဲ တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။

 

"လူမျိုးရေး ဘာသာရေးကိစ္စတွေကို ကစားပြီး သွေးကွဲအောင်လုပ်၊ အကြမ်းဖက်လှုံ့ဆော်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ" ဟု ဝန်ကြီးချုပ်ကပြောဆိုခဲ့ကြောင်း The Star နေ့စဉ်သတင်းစာတွင်ဖော်ပြသည်။

 

သောကြာနေ့ကလည်း ဘာသာရေး လူမျိုးရေးလှုံ့ဆော် ပြောဆိုမှုများကို သတိထားစောင့်ကြည့်ရန် မစ္စတာ အန်နဝါက လုံခြုံတပ်ဖွဲ့များကို အမိန့်ပေးခဲ့သည်။

 

Source – The Straits Times/ပုံ - မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ မိုဟာမက်။

Burma Associated Press

 

မလေးရှား
အာဏာရှင်

Share With
bap-logo