bap-logo
Politics

ရုရှား-ယူကရိန်းစစ်ပွဲကြားက စိုးရိမ်စရာ ဖြစ်လာသည့် တရုတ်၏ရပ်တည်ချက်

i4UGYVQmOR6gLZjckDBz0-image

လွန်ခဲ့သော ၂ နှစ် က

ပေကျင်း - ဖေဖော်ဝါရီ ၂၀

 

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီး တစ်နှစ်ပြည့်ခါနီး တရုတ်က ရုရှားကို စစ်ရေးအကူအညီ ပေးမည်လောဟု ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်လာကြသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်က ရုရှားကို လက် နက်ခဲယမ်း ထောက်ပံ့ဖို့ ကြံရွယ်နေပြီး ကရင်မလင်အစိုး ရ၏ စစ်ရေးကြိုးပမ်းမှုမှာ တရုတ်ပါဝင်ပတ်သက်လာပါက ကြီးမားသည့်ပြဿနာတစ်ရပ် ဖြစ်ပေါ်လာနိုင် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တနင်္ဂနွေနေ့ ထုတ်လွှင့်သည့် အင်တာဗျူး တစ်ခုတွင် ဆိုသည်။

 

လက်တွေ့တွင် တရုတ်သည် ရုရှားကျူးကျော်စစ်ကို ဝေ ဖန်ရန်ပင်မဆိုထားနှင့် မော်စကိုအစိုးရလေကို ဆန့်ကျင် ၍ "ကျူးကျော်စစ်" ဟုပင် သုံးနှုန်းရန် ငြင်းဆိုထားသည်။ တချိန်တည်းတွင် "နိုင်ငံတိုင်း၏ အချုပ်အခြာ အာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို လေးစားရမည်" ဟု တရုတ်က အခိုင်အမာ ဆိုပြန်သည်။

 

ယခုနောက်ပိုင်း မေးစရာဖြစ်လာသည်မှာ တရုတ်အနေဖြင့် ရုရှားကို နှုတ်အားဖြင့်ထောက်ခံနေရာမှ လက်နက် အားဖြင့် ပြောင်းလဲ‌ထောက်ပံ့ရန် ဆန္ဒရှိ၊ မရှိဆိုသည့်အချက်ဖြစ်သည်။

 

ယင်းကိစ္စနှင့်ဆက်စပ်ပြီး အမေရိကန်အစိုးရက ယူကရိန်းကို လက်နက်ပေးပြီး မီးလောင်ရာ လေပင့်၊ စစ်ရေးအရ ထိပ်တိုက်မတွေ့ တွေ့အောင် ဆွပေးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က စွပ်စွဲလိုက်သည်။

 

ထို့ပြင် ပေကျင်းအနေဖြင့် လက်ညှိုးထိုးအပြစ်ရှာတတ်သည့် ဝါရှင်တန်၏လုပ်ရပ်များနှင့် တရုတ်- ရုရှား ဆက်ဆံရေးအပေါ် ဖိအားပေးခြိမ်းခြောက်မှုများကို မည်သည့်အခါမျှ လက်သင့်ခံမည်မဟုတ်ဟုလည်း တုံ့ပြန်လိုက်သည်။

 

တရုတ်သည် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး မယုတ် မလွန်လျှောက်လှမ်းနေသော်လည်း ၎င်းတို့၏ ပြောကြားချက်အချို့မှာ အဆီအငေါ်မတည့်သည်ကို တွေ့ရသည်။

 

နေတိုးအဖွဲ့က ဥရောပအရှေ့ဖျားကို နယ်ချဲ့ရန်စမှုကြောင့် ရုရှားကျူးကျော်စစ် ဖြစ်ပွားရကြောင်း တရုတ်ကဆို သည်။ ကျူးကျော်စစ်မစတင်မီ သတင်းပတ်အနည်းငယ်အလိုက တရုတ်သမ္မတ ရှီကျင်းပင်သည် ပူတင်အား ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲသို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား "အကန့်အသတ်မဲ့ ချစ်ကြည်ရေး" ကို ကြေညာခဲ့သည်။

 

ထိုအချိန်မှစ၍ တရုတ်သည် အနောက်နိုင်ငံများ၏ မည်သည့်ဝေဖန်သံကိုမှ ဂရုမမူတော့ဘဲ ရုရှားနှင့် ဆက်ဆံရေးကိုသာ ပိုမိုခိုင်မာအောင် ကြိုးပမ်းခဲ့သည်။

 

လာမည့်နွေရာသီတွင် ရှီကျင်းပင် မော်စကိုသို့ လာလည်မည်ဟု ပူတင်ပြောဆိုထားသည်၊ သို့သော် ပေကျင်း ဘက်က အတည်ပြုခြင်းမရှိသေးပေ။

 

"တရုတ်ဟာ လှေနံနှစ်ဖက် နင်းဖို့ကြိုးနေတယ်။ အများအမြင်မှာ တရုတ်ဟာ ယူကရိန်းနိုင်ငံတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေပါတယ်လို့ ပြင်ချင်တယ်၊ ဒါပေမဲ့ တစ်ဖက်မှာ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးပြီး ရုရှားရဲ့စစ်ရေးကြိုးပမ်းမှုတွေကို ကူညီနေတာပါပဲ" ဟု နိုင်ငံ ခြားရေးဝန်ကြီး ဘလင်ကင်က အင်တာဗျူးတွင် ပြောသည်။

 

လက်ရှိအချိန်ထိ တရုတ်၏ ရုရှားထောက်ခံမှုသည် စကားလုံးအဆင့်၊ နိုင်ငံရေးအရအဆင့်မှာသာ ရှိသေးပြီး တစ်ဖက်တွင် ကုလရှိ မော်စကိုရှုတ်ချရေးကြိုးပမ်းချက်များကို တားဆီးရန်ကြိုးပမ်းလျှက်ရှိသည်။

 

ဂျာမဏီနိုင်ငံ မြူးနစ်တွင်ကျင်းပသည့် လုံခြုံရေးညီ လာခံတွင် ဘလင်ကင်က "အမေရိကန်အနေဖြင့် တရုတ်က ရုရှားကို လက်နက်ထောက်ပံ့လာမည်ကို စိုးရိမ်နေခဲ့ရပြီး လက်နက်ထောက်ပံ့ရန် စဉ်းစားနေသည်ဆိုသည့် သတင်းအချက်အလက်များကြောင့်လည်း စိုးရိမ်နေရခြင်းဖြစ် ကြောင်း ပြောဆိုခဲ့သည်။

 

ဘလင်ကင်၏ ပြောကြားချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အဆင့်မြင့်ဆုံး နိုင်ငံခြားရေးမူဝါဒတာဝန်ရှိသူ ဝမ်ယိနှင့်တွေ့ဆုံပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ရုရှားနှင့်တရုတ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြသလို မကြာသေးမီက လည်း တောင်အာဖရိကတွင် စစ်ရေးလေ့ကျင့်ရန် သင်္ဘောများစေလွှတ်ခဲ့ကြသည်။

 

"စစ်မြေပြင်ကို တကယ် လက်နက်ထောက်ပံ့နေတာက အမေရိကန်ပါ၊ တရုတ်မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ယူကရိန်းအရေးမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းရောက်လာအောင် အားပေးနေရုံပါ" တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ထားသည်။

 

ပေကျင်းအစိုးရ ၎င်းတို့အနေဖြင့် အိန္ဒိယလို ရေနံနှင့် ဝယ် ယူမှုအပါအဝင် ရုရှားနဲ့ ပုံမှတ်စီးပွားကူးသန်း ဆက်ဆံရေးထားရှိပြီး ကြောင်းပြောကြားထားသည်။

 

လက်ရှိအချိန်တွင် ကုန်သွယ်ရေးသည် ရုရှားအတွက် အသက်သွေးကြောတစ်မျှင်အဖြစ် အများက ရှုမြင်ထား ကြသည်၊ သို့သော် တရုတ်အနေဖြင့် ရုရှားအတွက် အီရန်ကရောင်းချသည့် ဒရုန်းအလားတူ တရားဝင် မှတ်တမ်း တင်နိုင်သည့် စစ်ရေးအကူအညီတစ်စုံ တစ်ရာ ပေးအပ်ထားခြင်းမရှိသေးပေ။

 

Source/ပုံ – AP

 

Burma Associated Press

 

ရုရှား
တိုက်ပွဲ
ကျူးကျော်
တရုတ်
ယူကရိန်း

Share With
bap-logo