Politics
ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၆။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းသို့ ယမန်နေ့ ဇူလိုင် ၅ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သုံးဆယ်သုံးဆူကျေးရွာမှ နေအိမ်နှစ်လုံးအလုံးစုံပျက်စီးခဲ့ကာ ၁၀ လုံးထက် မနည်း လက်နက်ကြီးစထိမှန်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဇူလိုင်လ ၅ ရက် တွင် စစ်ကောင်စီသည် မနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ ကျေးရွာများအတွင်း ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အကြောင်းမဲ့ ပစ်ခတ်နေခြင်းဖြစ်သည်။
မြန်မာ-ထိုင်းအာရှလမ်းမတလျှောက်နေရာယူထားသည့် စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့တောင်ပိုင်းရွာများသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြီးခဲ့သည့် ဧပြီလလယ်မှစတင်ကာ နေ့စဉ်ပစ်ခတ်လျှက်ရှိသည်။
ထိုသို့ ပစ်ခတ်သည့်အတွက် ရွာသားအချို့ လက်နက်ကြီးစထိမှန် သေဆုံးမှုများ၊ ဒဏ်ရာရမှုများရှိခဲ့သည်။
ဓာတ်ပုံ- စောလူမုန်း
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော ၄ ရက် က