bap-logo
Politics

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေ အဖြစ် လဲလှယ်ရမည်ဟု ဗဟိုဘဏ် ထပ်မံပြင်ဆင်

I-APARDUfg6j8rnNggRYo-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၄။

 

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်စွဲဖြင့် ထပ်မံပြင်ဆင်လိုက်သည်။

 

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာ ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ပြဌာန်းထားခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

 

အဆိုပါပြင်ဆင်ချက်သည် ထုတ်ပြန်သည့်နေ့စွဲမှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကာ လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟု သတိပေးထားသည်။

 

Burma Associated Press

စစ်ကောင်စီ
ဗဟိုဘဏ်
ပို့ကုန်

Share With
bap-logo