bap-logo
Politics

တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang ရာထူးမှ ဖယ်ရှားခံရ

PJeQ_GahFhsBJz6XOj-AG-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ကို နိုင်ငံခြားရေးဝန်ကြီး ရာထူးခန့်အပ်ပြီး ၇ လအကြာတွင် ရာထူးမှ ဖယ်ရှားလိုက်သည်။

 

၎င်းရာထူးကို ယခင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သော ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးအကြီးအကဲ Wang Yi မှ ရယူသွားမည်ဖြစ်သည်။

 

Qin Gang သည် လူအများမြင်ကွင်းမှ ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့ပြီး ၎င်း၏ ဝန်ကြီးဌာနကလည်း ဝန်ကြီး မြင်ကွင်းမှ ပျောက်ကွယ်နေရသည့်အကြောင်း အသံတိတ်နေခဲ့သည်။

 

အသက် ၅၇ နှစ်ရှိ Qin Gang ၏ လူထုမြင်ကွင်း၌ နောက်ဆုံးမြင်တွေ့ခဲ့ရသည်မှာ ဂျွန်လ ၂၅ ရက်နေ့က ဖြစ်သည်။

 

၎င်း၏ ရာထူးကို ပြီးခဲ့သည့် ဒီဇင်ဘာလက ခန့်အပ်ခြင်းခံခဲ့ရပြီး တရုတ်သမ္မတ Xi Jinping ၏ လူယုံဟု ထင်မြင်ယူဆခဲ့ကြသည်။

 

တရုတ်၏ ဥပဒေပြုလွှတ်တော်မှ Wang Yi ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မဲဆန္ဒပေးခဲ့ကြသည်။ဟု နိုင်ငံပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။

 

“Qin Gang နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဖယ်ရှားလိုက်သည်။ဟု ဖော်ပြထားသည်။

 

Qin Gang ကို မည်သည့်အတွက် ရာထူးဖယ်ရှားရခြင်းဖြစ်ကြောင်း ဖော်ပြမထားသော်လည်း သမ္မတ Xi က ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

ကိုးကား - BBC

 

Burma Associated Press

တရုတ်
နိုင်ငံခြားရေး ဝန်ကြီး
ဝမ်ရိ
Qin Gang

Share With
bap-logo