bap-logo
Politics

ရှမ်းမြောက်တွင် စစ်ဆင်ရေး ၁၀၂၇ စတင်

NLR8dQu5cT-gRD5-Tr-AX-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၂၇။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထူးဒေသ () တွင် အမှတ်-၁၀၂၇ ဟု အမည် ပေးထားသည့် စစ်ဆင်ရေး တစ်ခုကို စတင်နေပြီဟု မြောက်ပိုင်းမဟာမိတ်များက ဆိုသည်။

 

လောက်ကိုင်မြို့နယ်ရှိ အွန်လိုင်းဂိမ်းကုမ္ပဏီများ၊ စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နှင်းရန် ရည်ရွယ် ချက်ဖြင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်ဟု မြောက်မဟာမိတ် ဖွဲ့ဖြစသည့် ကိုးကန့်တပ် (MNDAA) တအာန်းတပ် (TNLA) ရက္ခိုင့်တပ်တော် (AA)တို့ က ပူးတွဲ ကြေညာချက်တွင် ဖော်ပြထား သည်။

 

လက်ရှိတွင်လည်း လားရှိုး-ချင်းရွှေဟော်-မူဆယ် ပြည်ထောင်စုလမ်းမတလျှောက် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီ၏ ချင်းရွှေဟော် နယ်စပ် စစ်ဆေးရေးဖြစ်သည့် ဖောင်ဆိပ်စခန်းကို ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ သည်။

 

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးကိုလည်း ဒီကနေ့မှ စတင်ကာ အရေးပေါ်ပိတ်လိုက်ပြီဟု ကိုးကန့်တပ် (MNDAA) က အသိပေးလာသည်။

 

ဓာတ်ပုံ - The Kokang

 

Burma Associated Press

၁၀၂၇ စစ်ဆင်ရေး
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
ကိုးကန့်တပ်
ရက္ခိုင့်တပ်တော်

Share With
bap-logo