bap-logo
Politics

အင်းစိန်နဲ့ သာယာဝတီထောင်မှာ တကျွန်းကျအကျဉ်းသားတွေ ဧည့်တွေ့ခွင့်ရပြီ

fQP80Pc8T7yYmTewMyxpv-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၂၇။

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်နဲ့ ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွေမှာ ထောင်ဒဏ်တစ်သက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဥ်းသားတွေကို ဒီကနေ့ အောက်တိုဘာလ ၂၇ ရက် မနက်ကစပြီး မိသားစု ဧည့်တွေ့ ခွင့်ရပြီလို့ သွားရောက်ခဲ့သူအချို့ဆီကနေ BAP က သိရပါတယ်။

 

"ကျနော်တို့က ရိုးရိုး ၅၀၅ သမားကို သွားတွေ့တာပါ၊ အင်းစိန်ကတော့ တွေ့ခွင့်ရတာ သိပ်မကြပ်ဘူး။ တသက် တကျွန်းကျသူတွေ ဒီနေ့ စတင်တွေ့လို့ ရပြီ၊ သေဒဏ်သမားတွေကိုတော့ နိုဝင်ဘာထဲမှာတွေ့လို့ရပြီဆိုပြီး နီးစပ်ရာ အသိတွေရှိရင် ပြောပေးဖို့ ထောင်ဝန်ထမ်းတွေက ဧည့်သွားတွေ့တဲ့ မိသားစုဝင်တွေကို မှာလိုက်တာ၊"လို့ အကျဥ်းသား မိသားစုဝင်တဦးက BAP ကို ပြောပါတယ်။

 

အင်းစိန်ထောင်အတွင်း သေဒဏ်ချခံထားရတဲ့သူတွေကိုတော့ နိုဝင်ဘာလက စပြီး တစ်လမှာ ပထမဆုံးအပတ် တနင်္ဂနွေတစ်ရက်ကိုပဲ ခွင့်ပြုမယ်ဆိုပြီး၊ ဧည့်တွေ့လာတဲ့သူတွေကနေတဆင့် အကျဥ်းထောင်ဝန်ထမ်းတွေက မှာလိုက်တယ်လို့ နိုင်ငံရေးအကျဥ်းသားမိသားစုဝင်အချို့က ပြောပါတယ်။

 

ဧည့်တွေ့သွားကြမယ့်သူတွေဟာ မနက် နာရီကစပြီး တန်းစီစောင့်ဆိုင်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ X - Ray ဖြတ်ပြီး နှစ်နာရီ ဝန်းကျင်အထိ စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

 

"သေဒဏ်အကျဥ်းသားတွေနဲ့ သူ့မိသားစုတွေ့ဆုံခွင့် ထောင်ဝင်စာ အခွင့်အရေးဟာ အကျဥ်းထောင်များ အက် ဥပဒေနဲ့ အကျဥ်းထောင်လက်စွဲ ဥပဒေမှာ သီးခြားပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အကျဥ်းထောင်တွင်း ပြစ်မှု ကျူးလွန်မိလို့ ပြစ်ဒဏ်မှတ်တမ်းအရ ပြစ်ဒဏ်တိုက်မှာ ကျခံနေရသူတွေက လွဲရင် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံရသူတွေလည်း တွေ့ခွင့်ရကြမှာ" လို့ အင်းစိန်ထောင်အတွင်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာစသိမ်းခဲ့တဲ့ အချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့အထိ နိုင်ငံရေးအကျဥ်းသား ,၉၀၁ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

 

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၂၀ ဦး ရှိပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်ပါတယ်။

 

Burma Associated Press

ရန်ကုန်
အင်းစိန်
ထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo