Politics
မဆုတ်မနစ် ရွပ်ရွပ်ချွံချွံခုခံသော်လည်း KIA ထံ စခန်းနှစ်ခု လက်လွှတ်ရဟု စစ်တပ်က ဝန်ခံ
လွန်ခဲ့သော တစ်နှစ် က
အောက်တိုဘာ ၂၁။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ဒေသတွင် KIA က အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ခဲ့ သည့်အတွက် မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ ခုခံသည့်ကြားမှ စခန်းနှစ်ခု လက်လွှတ်ခဲ့ရသည်ဟု အာဏာသိမ်းစစ်တပ်က ဝန်ခံ လာခဲ့သည်။
အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး တိုက်ပွဲပေါင်း သောင်းနှင့်ချီ (၁၀,၁၁၅ - source : ISP Myanmar) ဖြစ်ပွားနေသည့် အချိန်တွင် ယင်းတို့၏ စခန်း နှစ်ခုစွန့်လွှတ်ခဲ့ရသည်ဟု စစ်တပ်က ဝန်ခံလာခြင်းမှာ ကြုံတောင့် ကြုံခဲပင်ဖြစ်သည်။
KIA တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက် တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်စခန်းအား နေရာ (၃) နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု စစ်တပ်ဘက်က ဆိုသည်။
“ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူ ( စစ်တပ်က ဖော်ပြချက်သည့် အသုံးအနှုန်းသာ ဖြစ်သည်) အင်အား များပြားလာမှုကြောင့် ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တ ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။
ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်း စခန်းအဖြစ် ဆောင်ရွက် လျက်ရှိသည့် လဲလုံစခန်းအား ယခုနှစ် ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁) ကြိမ်တိုင် တိုက်ခဲ့ခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆုတ်ခွာ ပေးလိုက်ရသည်ဟုဆိုလာသည်။
တိုက်ပွဲများအတွင်း KIA တပ်ဖွဲ့ဝင် အလောင်းအချို့နှင့်အတူ သိမ်းဆည်းရခဲ့မှု ရှိသည်ဟုလည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားသည်။
ပုံစာ - ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး
Related Articles
- တရုတ်ဖိအားကြောင့် UWSA အရာရှိနှစ်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် လာရ
- အာဏာသိမ်းပြီးနောက် ကရင် BGF က ရာဇ၀တ်လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေဟု NUG ဆို
- ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှုးကို ရေးဘီလူးအဖွဲ့လုပ်ကြံသတ်ဖြတ်
- မြန်မာစစ်တပ်ကို ပြတ်သားစွာ အရေးယူရန် နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်း ၄၄၀ ဖွဲ့က ကုလကို တောင်းဆို