Politics
တရားလက်မဲ့ ကွပ်မျက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို အမှတ်ရနေဟု ဥရောပ ပါလီမန်ထုတ်ပြန်
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၃။
စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို အမှတ်ရ နေသည်ဟု ဥရောပ ပါလီမန်ထုတ်ပြန်သည်။
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦး ကွပ်မျက်ခံရခြင်း ၁ နှစ် ပြည့်တွင် ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ တရားလက်မဲ့ စီရင်ခဲ့သည့် ဖြစ်ရပ်ကို အမှတ်ရနေမည်ဟုလည်း ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ အာဏာသိမ်းပြီး ချိန်မှ ယခုနှစ် ဇူလိုင်လ ၂၁ ရက်အထိ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်သည်။
ပုံစာ -လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၂၀၁၉ ခုနှစ်က ဥရောပ ပါလီမန်သို့ ရောက်ခဲ့စဉ် ( ဓာတ်ပုံ - the European Parliament )
ဖြိုးဇေယျာသော်
သေဒဏ်
Related Articles
- မြန်မာအရာရှိများနှင့် အစုအဖွဲ့များကို ပိတ်ဆို့အရေးယူမှုများ ဥရောပသမဂ္ဂ ထပ်မံချမှတ်
- စုန်းချောင်းရွာသားများ အသတ်ခံရမှုတွင် NUG ကြားကာလပညာရေး ကျောင်းသား ၄ ဦး ပါဝင်
- ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင် ၅ နှစ် ထပ်မံချမှတ်ခံရ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အထိ ရှိလာ
- အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မဖြစ်မနေ မှတ်ပုံတင်ရန် စစ်ကောင်စီ အမိန့်ထုတ်ပြန်
Share With