Politics
စစ်ကောင်စီ ဗိုလ်မှူးချုပ်တစ်ဦး၏ တပ်ပြောင်းပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု MOD ဆို
လွန်ခဲ့သော တစ်နှစ် က
ဩဂုတ် ၂၈။
လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းရွှေ့လာသည့် စစ်ကောင်စီတပ် ဗိုလ်မှူးချုပ် တစ်ဦး၏ တပ်ပြောင်းပစ္စည်းများကို သြဂုတ် ၉ ရက်တွင် ထီးချိုင့်-ပကဖ က သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန-MODက ယနေ့ ထုတ်ပြန်သည်။
ဗိုလ်မှူးချုပ် မြတ်မင်းမိုး (ကြည်း-၂၇၉၇၂) ဆိုသူက လွိုင်ကော်မှ တနိုင်းသို့ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ် ရွှေ့ပြောင်းလာခြင်းဖြစ်သည်ဟု MOD က ဆိုသည်။
ထီးချိုင့်-ပကဖ က သိမ်းဆည်းရမိသည့် ပစ္စည်းအမျိုးအစား ၁၉ မျိုးတွင် အိမ်ထောင်သုံးပစ္စည်းများလည်း ပါဝင်နေသည်ဟု ဖော်ပြထားသည်။
စစ်ယူနီဖောင်း ၇၀ စုံ၊ 5.56 ကျည် ၄၆၅ တောင့် ၊ လက်ပစ်ဗုံး ၅ လုံး ၊ ၁၂ ဘီးကား ၁ စီး ၊ Skynet ၂ လုံး ၊ ဓာတ်မြေသြဇာ ၁၅၀ အိတ် ၊ Sony အမျိုးအစား Camera ၁ လုံး ၊ Fax စာပို့စက် ၁ လုံး၊ Jammer အကြီး ၁ လုံး ၊ Jammer အသေး ၁ လုံး၊ PC Computer ၂ လုံး ၊ TYT ဆက်သွယ်ရေးစက် ၄ လုံး ၊ Inverter ၄ လုံး ၊ Equipment ၁ စုံ၊ စစ်ဖိနပ် ၃ ရံ၊ ဆုတံဆိပ် ၆ ခု၊ TV ၂ လုံး၊ ကော်ရည်လောင်းစက် ၁ ခုနှင့် ကတ်ထရစ် ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
Related Articles
- စစ်ကောင်စီဟာ လူသားချင်းစာနာမှုလုပ်ငန်းစဥ်တွေကို အလွဲသုံးစားလုပ်ဖို့ အမြဲစဥ်းစားနေတယ်လို့ ကုလကို NUG သတိပေး
- မြန်မာစစ်အာဏာပိုင်တို့၏ သံတမန် နှင်ထုတ်မှု အရှေ့တီမော ရှုတ်ချ
- စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေးကို ဆုံးဖြတ်ပိုင်ခွင့် မရှိဟု NUG ဆို
- မြန်မာအာဏာသိမ်းခေါင်းဆောင်တို့နှင့် အဆက်အသွယ်ဖြတ်ရန် ကုလကို အရပ်ဘက်အစုအဖွဲ့ ၅၁၄ ခုက တောင်းဆို