bap-logo
Politics

မြန်မာစစ်အာဏာပိုင်တို့၏ သံတမန် နှင်ထုတ်မှု အရှေ့တီမော ရှုတ်ချ

fMX7cooF9skS4WXATIX0Y-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်အာဏာပိုင်တို့က အရှေ့တီမောနိုင်ငံ၏ ထိပ်တန်းသံတမန်ကို တိုင်းပြည်မှ ထွက်ခွာရန် အမိန့်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုအပိုင်းကို ဝေဖန်ပြောကြားသည့် ထုတ်ပြန်ချက်တစ်စောင်ကို အရှေ့တီမောမှ ထုတ်ပြန်ခဲ့သည်။

 

မြန်မာစစ်အာဏာပိုင်တို့က ၎င်းအရေးကို ကြေညာချက် မထုတ်ပြန်သေးဘဲ ပြောခွင့်ရသူမှာလည်း မှတ်ချက်ပေးနိုင်ခြင်း မရှိသေးပါ။

 

အရှေ့တီမောက "မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရန် အားထုတ်မှုအားလုံးကို ထောက်ပံ့ရန် အရေးကြီးကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း၊ မြန်မာလူထုနှင့် တသားတည်းရှိကြောင်းလည်း ဖော်ပြလိုကြောင်း၊ မြန်မာစစ်အာဏာပိုင်တို့အနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းကို ငြိမ်းချမ်းပြီး အပြုသဘောဆောင်သော ဖြေရှင်းမှု ရှာဖွေရန် တိုက်တွန်းကြောင်း” အရှေ့တီမောအစိုးရက စနေနေ့တွင် ထုတ်ပြန်သည်။

 

အရှေ့တီမောနိုင်ငံရေးသမားများက ယခင်ကပင် မြန်မာစစ်အာဏာရှင်တို့ကို ဝေဖန်ပြောကြားမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ကာ သမ္မတ Jose Ramos-Horta သည် စစ်တပ်အုပ်ချုပ်မှု ဆန့်ကျင့်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိပ်တန်း ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည်။

 

မြန်မာစစ်အာဏာပိုင်တို့က အရှေ့တီမော သံရုံးအကြီးအကဲကို မြန်မာမှ စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ ထွက်ခွာရမည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏  Facebook တွင် ဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် နိုင်ငံအများအပြားက သံအမတ်များ ထားရှိမည့်အစား သံရုံး အကြီးအကဲများသာ ထားရှိခဲ့ကြသည်။ စစ်အာဏာပိုင်တို့ကမူ သံတမန်များ နှင်ထုတ်ခြင်း သို့မဟုတ် ငြင်းဆိုခြင်း လုပ်ဆောင်မှု အလွန်နည်းပါးသည်။

 

ကိုးကား - Reuters

ပုံစာ အရှေ့တီမော သမ္မတ Jose Ramos-Horta (Photo: REUTERS/Lirio da Fonseca)

 

Burma Associated Press

အာဆီယံ
စစ်ကောင်စီ
သံအမတ်
တီမော

Share With
bap-logo