bap-logo
Data

ဖားကန့်မှာ တစ်ပတ်အတွင်း အရပ်သား ၅ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ

G8Ik2TJ4bIqvkINVnzeal-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၇။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ရက်အထိ တစ်ပတ်အတွင်း အရပ်သား ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ အရပ်သား ဦးထဲမှာ ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်းနေတဲ့ ဈေးသည် သုံးဦးနဲ့ အခြားအရပ်သား နှစ်ဦး ဖြစ်ပါတယ်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာမှာ ရေခဲချောင်း ရောင်းနေတဲ့ အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုက လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

 

ထို့အတူအောက်တိုဘာ ရက်မှာ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ရွာမှာ အချဉ်ပေါင်းရောင်းချနေတဲ့ အသက် (၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် အမည်မသိအဖွဲ့ကနေ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခဲ့သလို အောက်တိုဘာ ရက်မှာ ဖားပြင်ကျေးရွာအဝင်မှာ အာလူးကြော် ရောင်းချနေတဲ့ အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ပစ်ခတ်သတ် ဖြတ်သွားခဲ့ပါသေးတယ်။

 

အဲဒီနေ့မှာပဲ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ် ဆီဖြည့်နေတဲ့ အသက် (၃၀) ဝန်းကျင်အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရမှု စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပါ။

 

အခြား အရပ်သားတစ်ဦးကတော့ အောက်တိုဘာ ရက်က KIA ပူးပေါင်းတပ် တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဆိုင်းတောင်ကျေးရွာမှာ ကားမှန်မချဘဲမောင်းနှင်လို့ဆိုပြီး အသက် (၃၅) နှစ်အရွယ် အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်သွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

 

သေသွားတဲ့သူကတော့ တစ်ယောက်ထဲပေါ့။ ဒါပေမဲ့ ကျန်ရစ်တဲ့သူတွေ အဖို့တော့ မဟာတံတိုင်းကြီး ပြိုကျသွားသလို ခံစားနေကြပါရတယ်။ လူ့အသက်တွေက ဘာတန်ဖိုးမှမရှိတော့ဘူးလား။ အသတ်ခံရတဲ့သူ တွေက တကယ်သံသယဝင်ရမယ့်အနေအထားမှာ ရှိနေခဲ့ရင်တောင်မှ ပြင်းထန်တဲ့ ခေါ်ယူ သတိပေးမှုမျိုး ပထမအဆင့်အနေနဲ့ လုပ်သင့်တယ်။ လိုက်နာမှုမရှိလို့ မလွှဲမရှောင်သာ ရှင်းလင်းတော့မယ်ဆိုရင်လည်း ရှင်းလင်းပြီးတာနဲ့ ဘာကြောင့်ရှင်းလင်းရတယ်ဆိုတာ ခိုင်မာတဲ့သတင်းအချက်အလက်နဲ့ ပြည်သူကို ချပြသင့်တယ်။ အခုတော့ ပြည်သူတွေမှာ အားကိုးစရာဆိုလို့ ဘာမှမရှိတော့ပါဘူးလို့ ဖားကန့် ဒေသခံတဦးက ပြောပါတယ်။

 

ဖားကန့်မြို့နယ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့သူတွေဟာ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာ မသိရသေးသလို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကိုလည်း BAP သတင်းဌာနအနေဲ့ ရှင်းရှင်းလင်းလင်းမရှိရသေးပါဘူး။

 

ဖားကန့်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေရှိနေသလို KIA တပ်တွေနဲ့ PDF အဖွဲ့တွေလည်း လှုပ်ရှားမှုရှိနေတဲ့နေရာဒေသတခုဖြစ်ပါတယ်။

 

ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ သေနတ်ပြ ဓားပြတိုက်အနုကြမ်းစီးမှုတွေလည်း မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

 

အခုလ အောက်တိုဘာ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူငယ်လေးဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆိုင်ဝန်ထမ်းတွေကို ကြိုးတုပ်ကာ ဆိုင်ရှိရွှေနဲ့ ကျောက်တွေ အားလုံးကို ယူဆောင်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းများပြားတဲ့ ဖားကန့်မြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ခံရမှု၊ ဓားနဲ့ထိုး သတ်ဖြတ်မှု၊ ပုံစံမျိုးစုံနဲ့သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံရမှု စတဲ့ လူသတ်မှုတွေလည်း မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

ဖားကန့်မြို့နယ်မှာ လူဦးရေ လေးသိန်းဝန်းကျင်ခန့် နေထိုင်ကြပြီး အခြေခံ လက်လုပ်လက်စားဦးရေ သုံးသိန်းဝန်းကျင်နေထိုင်ကြတယ်လို့ အရင်က စာရင်းတွေအရ သိရပါတယ်။ ဖားကန့်မြို့နယ်ဟာ ကျောက်စိမ်း အဓိက ထွက်ရှိရာဒေသဖြစ်တာကြောင့် ဒေသအသီးသီးကနေ လာရောက် လုပ်ကိုင်သူတွေများပြားပါတယ်။ ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေပြီး ကျောက်အရောင်းအဝယ်လုပ်ကိုင်တာနဲ့ ကျောက်လုပ်ငန်း လုပ်ကိုင်ကြသူတွေ အများဆုံးနေထိုင်ကြပါတယ်။

 

ဓာတ်ပုံများ - လူမှုကွန်ရက်

 

Burma Associated Press

ဖားကန့်
ကချင်
အရပ်သား
သတ်ဖြတ်ခဲ့

Share With
bap-logo