bap-logo
Data

စက်တင်ဘာလအတွင်း စစ်ကိုင်းတွင် အရပ်သား ၇၀ နီးပါး အသတ်ခံရ

XTh8AxEDGoxI8hnhV7Vet-image

လွန်ခဲ့သော တစ်နှစ် က

 

စစ်ကိုင်း၊ အောက်တိုဘာ ၆။

 

ယခုနှစ် စက်တင်ဘာလ တစ်လအတွင်း စစ်ကိုင်းတိုင်းတွင် အရပ်သားပြည်သူ ၇၀ နီးပါး အသတ်ခံရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေး ဝန်ကြီးဌာနကဆိုသည်။

 

ယမန်နေ့ကထုတ်ပြန်ခဲ့သည့် စာရင်းအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကိုင်းတွင် အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၉ ဦး တို့ သတ်ဖြတ်ခံရသည်ဟု ဆိုသည်။

 

ထို့အတူ ပဲခူးတိုင်းတွင် ၁၈ ဦးနှင့် မကွေးတိုင်းတွင် ၁၃ ဦး စသည်ဖြင့် အရပ်သားများ သတ်ဖြတ်ခံခဲ့ရ သည်ဟုဆိုသည်။

 

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုပါက အရပ်သားပြည်သူ ၁၃၇ ဦး မှာ စက်တင်ဘာ တစ်လအတွင်း စစ်ကောင်စီနှင့် ယင်းတို့၏ အပေါင်းအပါ များကြေင့် သတ်ဖြတ်ခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ တရားရေးဝန်ကြီးဌာနကဆိုသည်။

 

ထိုအထဲတွင် ကလေးငယ် ၁၂ ဦး၊ သာသနာပြု တစ်ဦး နှင့် မသန်စွမ်း ၂ ဦး ပါဝင်သည်ဟုဆိုသည်။

 

ပုံစာ - ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က အရပ်သား ခုနှစ် ဦး သတ်ဖြတ် ခံရသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ တုပ်ကြီးရွာကို တွေ့ရစဉ်။ (ဓာတ်ပုံ -လူမှုကွန်ရက်)

 

စစ်ကိုင်း
အရပ်သား
သတ်ဖြတ်ခဲ့

Share With
bap-logo