Data
၁၇ နှစ်အတွင်း လူကုန်ကူးသူ ခြောက်ထောင် ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ဟု စစ်ကောင်စီ ဆို
လွန်ခဲ့သော တစ်နှစ် က
အောက်တိုဘာ ၂။
၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံ စုစုပေါင်း ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု အာဏာသိမ်း ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောသည်။
ဒါ့အပြင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံနားလည်မှုဖြင့် နယ်စပ်ဒေသများတွင် ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုက တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ၅,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် ဆက်စပ်ပစ္စည်း များကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုလည်း ပြောထားသည်။
ပုံစာ- အွန်လိုင်းလိမ်လည်မှုတရားခံ တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က လွှဲပြောင်းပေးစဉ်။
Burma Associated Press